၂၀၂၂ နာဂ နှစ်သစ်ကူးပွဲတော် ကိုဗစ်-၁၉ ကြောင့် စုပေါင်းကျင်းပမည် မဟုတ်

၂၀၂၂ နာဂ နှစ်သစ်ကူးပွဲတော် ကိုဗစ်-၁၉ ကြောင့် စုပေါင်းကျင်းပမည် မဟုတ်

နာဂလူမျိုးများ၏ အထွဋ်အမြတ်ထားရာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် (အာဟေး) ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ နှစ်သစ်တွင် စုပေါင်း ပြုလုပ်ဖြစ်မည် မဟုတ်ကြောင်း သိရသည်။

လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့သည် နာဂလူမျိုးများ၏ ၃၂ ကြိမ်မြောက် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် (အာဟေး)နေ့ ဖြစ်ပြီး ယခင်နှစ်များက မြန်ပြည်အနှံ့ရှိ နာဂလူမျိုးများစုပေါင်းကာ ယင်းပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိခဲ့သော်လည်း လာမည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် စုပေါင်းကျင်းပဖြစ်မည်မဟုတ်ကြောင်း နာဂရိုးရာနဲ့ စာပေယဥ်ကျေးမှု(ဗဟို)ကော်မတီဥက္ကဋ္ဌက ဆိုသည်။

”ဒီလာမယ့် ၃၂ ကြိမ်မြောက်နာဂရိုးရာနှစ်သစ်ကူးပွဲတော်က လုပ်ဖြစ်မှာမဟုတ်ဘူးဗျ။ ပွဲတော်ရက်ဆိုတဲ့ အထိမ်းအမှတ် အခမ်းအနားလောက်ပဲလုပ်မယ်။ စုပေါင်းပြီးတော့လုပ်ဖို့တော့မရှိဘူး” ဟု ဥက္ကဋ္ဌဦးအာင်ထွဋ်က ပြောသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်ရန်မရှိသော်လည်း ပွဲတော်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အလိုက် အခမ်းအနားပွဲများပြုလုပ်ရန်ညွန်ကြားထားကြောင်း ဥက္ကဋ္ဌဦးအောင်ထွဋ်ကဆိုသည်။

နာဂရိုးရာနှစ်သစ်ကူး (အာဟေး) ပွဲတော်ကို ပုံမှန်အားဖြင့် နှစ်စဥ် နန်းယွန်းမြို့၊ လဟယ်မြို့၊ ခန္တီးမြို့ ယင်းသုံးမြို့တွင် တစ်နှစ်တစ်ကြိမ် အလေ့ကျစီတာဝန်ယူကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

နန်းယွန်းမြို့၊ လဟယ်မြို့၊ ခန္တီးမြို့တို့မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင်ပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိကမြို့ကြီးများ ဖြစ်သည်။

”မနှစ်က ၂၀၂၀ ခုနှစ်ကလည်း ကိုဗစ်ကြောင့် စုပေါင်းမလုပ်ဖြစ်ဘူး၊ ကိုဗစ်မဖြစ်ရင် ၃၂ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နန်းယွန်းမှာလုပ်ရမှာ အလေ့ကျတာက နန်းယွန်းမြို့မှာကျတာဟုတ်တယ်” ဟု နာဂရိုးရာနဲ့ စာပေယဥ်ကျေးမှု(ဗဟို)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပုံမှန်အားဖြင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ဇန်နဝါရီလ ၁၈ ရက်နေ့အတွင်း၌ ငါးရက် (သို့) ခြောက်ရက်ခန့်ကြာအောင် ပြုလုပ်ကျင်းပလျက်ရှိသည်။

ယခင်နှစ်များက ပြုလုပ်ခဲ့သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသအဆင့်ဝန်ကြီးများ နှစ်စဉ် တက်ရောက်ပေးလျက်ရှိသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...