စစ်ကောင်စီကြောင့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခအကြောင်း အိန္ဒိယနိုင်ငံတွင် လက်ကမ်း စာစောင်ဖြန့်ဝေ

စစ်ကောင်စီကြောင့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခအကြောင်း အိန္ဒိယနိုင်ငံတွင် လက်ကမ်း စာစောင်ဖြန့်ဝေ

စစ်ကောင်စီတပ်၏ လုပ်ရပ်ကြောင့် မြန်မာပြည်သူများလက်ရှိခံစားနေရသောအခြေအနေကို အိမ်နီးချင်း အိန္ဒိယနိုင်ငံသားများသိရှိစေရန် India4Myanmar လက်ကမ်းစာစောင် ဖြန့်ဝေသည့်အစီစဉ်ကို ဒီဇင်ဘာ ၄ ရက်နေ့က နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

“India for Myanmar campaign ဖြစ်တယ်။ အဓိကတော့ အိန္ဒိယအစိုးရကို မြန်မာစစ်တပ်နဲ့ မပူးပေါင်းဖို့ ဖိတ်ခေါ်တာဖြစ်တယ်။ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် စစ်တပ်က အကျိုးအမြတ်ရနေတဲ့အတွက် ဒါကို ဆန့်ကျင်ကြောင်း ပြုလုပ်တာဖြစ်တယ်။” ဟု ယနေ့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အိန္ဒိယရောက် ကချင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ကမ်းစာစောင်ကို နယူးဒေသလီမြို့ရှိ တက္ကသိုလ်ကျောင်းနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေခဲ့ပြီး အိန္ဒိယရောက် ချင်း၊ ကချင်အဖွဲ့အစည်းများနှင့် CDM ပြည်သူ့ဝန်ထမ်းများ ပါဝင်သည်ဟု သိရသည်။

အဆိုပါလှုပ်ရှားမှုကို နယူးဒေလီမြို့တွင်အပြင် မီဇိုရမ် ပြည်နယ်နှင့် မဏိပူရ် ပြည်နယ်များတွင်လည်း ယခုလက စတင်ပြီး ပြုလုပ်နေပြီဟု India For Myanmar Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လပိုင်းကလည်း အိန္ဒိယရောက်မြန်မာများမှာ နယူးဒေလီမြို့တွင် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...