TNLA ငွေတောင်းခံလို့ နမ့်ခမ်းမြို့မဈေးသူဈေးသားများ ၅ ရက်ကြာ ဆိုင်ပိတ် ဆန္ဒ‌ဖော်ထုတ်ရန် စီစဉ်နေ

TNLA ငွေတောင်းခံလို့ နမ့်ခမ်းမြို့မဈေးသူဈေးသားများ ၅ ရက်ကြာ ဆိုင်ပိတ် ဆန္ဒ‌ဖော်ထုတ်ရန် စီစဉ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မ ဈေးကြီးအတွင်း TNLA တပ်ဖွဲ့က ဈေးဆိုင်တွေမှာ ငွေကြေးတောင်းခံမှု များပြားနေတာကြောင့် ဒီဇင်ဘာလ ၁၃ ရက်ကစပြီး ဒီဇင်ဘာလ ၁၇ ရက်အထိ ဈေးမရောင်းပဲ ဆန္ဒဖော်ထုတ်သွာမယ်လို့  စျေးသည်များက ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းဈေးသူဈေးသားများက နိုင်ငံရေးကြောင့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝမ်းရေးခက်ခဲနေရစဉ် အခုလို ကြုံရတာကြောင့် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ ၁ ဦးက “အခုက နေရာ တော်တော် များများမှာ အဲလိုဖြစ် နေတာ။ မပေးလို့ လည်း မရဘူးလေ။ တော်တော် ခက်ခဲလာပြီ။ ပစ္စည်းကဈေးတက်၊ အလုပ်က အရင် လိုလုပ်လို့မရတော့ ပိုဆိုးတယ်” လို့ နမ့်ခမ်း မြို့ခံ ၁ ဦး က ပြောပါတယ်။

TNLA အပါအဝင် အဖွဲ့အစည်းအချို့ ငွေကြေးကောက်ခံမှု အကြိမ်များလာ‌နေတာ‌ကြောင့် နမ့်ခမ်းမြို့အတွင်းရှိ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ မော်တော်ယာဉ်လိုင်းများအချို့ ပိတ်သိမ်းရမည့် အခြေအနေထိ ရင်ဆိုင်နေရကြရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဆိုင်ခန်းတွေမှာလိပ်စာကဒ်တွေနဲ့ အကြောင်းကြားစာတွေ လိုက်ပေးတယ်။ ရက်ချိန်းပြီး သူတို့နဲ့ သွားတွေ့ရတယ်” လို့ အမည်မဖော်လိုသူ ၁ ဦးက ပြောပါတယ်။

“ဆေးဆိုင်၊ ကုန်စုံဆိုင် လိုမျိုးဆိုရင် ၁၅ သိန်း အထိ တောင်းတာ‌တွေရှိပြီး တောင်းပန်ညှိနှိုင်း လျှော့ပေးခိုင်း ရတယ်။ တကြိမ် နှစ်ကြိမ်ထဲ လည်း မဟုတ်ဘူး။ အကြိမ်ကြိမ် လာကောက်‌ တော့ ဆိုင်ဖွင့် ဖို့ ခက်ခဲလာတာပေါ့။ တချို့ အဖွဲ့အစည်းတွေလည်း လာတောင်းတာရှိတယ်။ ပိတ်တဲ့ဆိုင်ကပိတ် ဖြစ်ကုန်ပြီ။” လို့ သူက ဆက်ပြောပါတယ်။

နမ့်ခမ်းမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံက ဒေသခံများအပေါ်အခုလို ခြိမ်းခြောက် ငွေတောင်းခံနေတာကြောင့် ကိုဗစ်-၁၉ ကပ်‌ရောဂါ နဲ့ နိုင်ငံရေးအခြေအနေကြောင့် စျေးသည်မိသားစုများပါ စားဝတ်နေရေးပါ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...