KIO ဘဏ်ငွေကြေးပို့ဆောင်ရေးစနစ်ဖြင့် NUG အထူးငွေတိုက်စာချုပ်ရောင်းချမှုမှာ တော်လှန်ရေးလုပ်နေသူအားလုံးအတွက်ဟု NUG ဝန်ကြီး ဒေါက်တာတူးခေါင်ပြော

KIO ဘဏ်ငွေကြေးပို့ဆောင်ရေးစနစ်ဖြင့် NUG အထူးငွေတိုက်စာချုပ်ရောင်းချမှုမှာ တော်လှန်ရေးလုပ်နေသူအားလုံးအတွက်ဟု NUG ဝန်ကြီး ဒေါက်တာတူးခေါင်ပြော
NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာ တူးခေါင်
NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါက်တာ တူးခေါင်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နွေဦးတော်လှန်ရေးအတွက် အထူးငွေတိုက်စာချုပ်တွေကို မြန်မာပြည်တွင်းက ပြည်သူတွေ ဝယ်ယူနိုင်ဖို့ KIO ရဲ့ ငွေကြေးပို့ဆောင်တဲ့စနစ်ကို အသုံးပြုရခြင်းဟာ NUG အတွက်သာမက တစ်နိုင်ငံလုံးက တော်လှန်ရေးလုပ်နေတဲ့သူတွေအတွက်ဖြစ်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင်က KNG ကို ပြောပါတယ်။

“ဒါက NUG အတွက်ပဲမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာတော်လှန်နေတဲ့သူတွေအားလုံးအတွက်ဖြစ်တယ်။ KIO အတွက်ပါတယ်။ အားလုံးအတွက်ဖြစ်တယ်။ အားလုံးအတွက် သမိုင်းဝင်အခိုက်အတန့်လည်းဖြစ်တယ်။ အရင်က တော်လှန်ရေးမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ သားသမီးတွေကို ပြန်ပြောနိုင်မယ့်အရာဖြစ်တယ်။” လို့ ဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောပါတယ်။

မြန်မာပြည်တွင်းက ပြည်သူများအနေနဲ့ NUG အစိုးရရဲ့ အထူးငွေတိုက်စာချုပ်ကို ဝယ်ယူနိုင်ဖို့ Kachin Political Coordination Team- KPICT နဲ့အတူပူးပေါင်းပြီး KIO ရဲ့ အုပ်ချုပ်ရေးဘဏ်စနစ်အတိုင်း မကြာခင်ရောင်းချသွားမယ်လို့ NUG အစိုးရ မနေ့က ထုတ်ပြန်ထားပါတယ်။

အခုလို NUG အစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျောက်မှာနေထိုင်တဲ့ ပြည်သူအချို့ က စိုးရိမ်မှုရှိနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ပြည်နယ်အတွင်းမှာ KIO ရဲ့ ငွေကြေးပို့ဆောင်တဲ့စနစ်ဟာ အရင်ကတည်းက ရှိနေတာကြောင့် စိုးရိမ်စရာမလိုဘူးလို့လည်း ဒေါက်တာတူးခေါင်က ပြောပါတယ်။

“KIO ကလည်းအရင်ကတည်းက အခွန်ကောက်နေတဲ့ လမ်းကြောင်းရှိပြီးသားလေ။ ဖားကန့်ဆိုလည်းတစ်ရက်ကို သိန်းထောင်ဂဏန်းပို့ဆောင်နေတာရှိတယ်။ KIO ရဲ့ ငွေကြေးစီမံစနစ်ကို ဆိုလိုတာဖြစ်တယ်။ စစ်ဆေးမှုတွေက ဖြစ်နိုင်ပါတယ်။ အရင်ကတည်းကလည်း သူတို့က စစ်နေကြဟုတ်တယ်။ နွေဦးထီကြောင့်လည်း ဘဏ်အကောင့်အတော်ပါသွားတာရှိတယ်။ သူတို့ဘက်က ဘယ်လောက်စစ်ဆေးနေပါစေ ကိုယ့်ဘက်ကလည်း ဖြစ်နိုင်တဲ့နည်းနဲ့ တော်လှန်ရေးလုပ်နေတာဖြစ်တယ်။” လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေးအတွက် ရံပုံငွေရရှိစေဖို့ ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂ နှစ်သက်တမ်းရှိတဲ့ အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ပြီး စတင်ရောင်းချခဲ့တာဖြစ်တာဖြစ်ပါတယ်။

ဒီစာချုပ်ဟာ အတိုးမပေးတဲ့ ငွေတိုက်စာချုပ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ ၊ ၅၀၀ ၊ ၁၀၀၀ နှင့် ၅၀၀၀ တန်အထိ အမျိုးအစားခွဲပြီး အွန်လိုင်းကနေ ရောင်းချခဲ့တာဖြစ်ပြီးတော့ ပြည်တွင်းပြည်ပ ပြည်သူတွေက ဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

အခုတစ်ခေါက်မှာတော့ ပြည်တွင်းက ပြည်သူများအတွက်ရည်ရွယ်ပြီး KIO ရဲ့ ငွေကြေးပို့ဆောင်သော စနစ်အတိုင်း မကြာခင်ရောင်းချတော့မယ့်အကြောင်း NUG အစိုးရက ကြေညာလိုက်တာဖြစ်ပါတယ်။

ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...