ရဲတပ်သားတစ်ဦးကို CNDF ဖမ်းဆီးထိန်းသိမ်းထား

ရဲတပ်သားတစ်ဦးကို CNDF ဖမ်းဆီးထိန်းသိမ်းထား

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊မှ ရဲတပ်သားတစ်ဦးအား ချင်းအမျိုးသားအဖွဲ့ချုပ် CNDF က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲမှ ရဲတပ်သား မောင်ရာလ်လှေထန်း၊ ကိုယ်ပိုင်အမှတ်-၂၈၂၂၉၇ သည် CDM ပြုလုပ်မည့် ၀န်ထမ်းများ၏ သတင်းအချက်အလက်များ စုံစမ်းခြင်း၊ CNDF ၏ အင်အားမည်မျှရှိသည်ကို စုံစမ်းခြင်း၊ အနီးပတ်၀န်းကျင်ရှိ မိဘပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေခြင်းတို့ကြောင့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖလမ်းမြို့နယ် တစ်နေရာသို့ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားကြောင်း CNDF မှ ထုတ်ပြန်ခဲ့သည်။

ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးရှိ ၀န်ထမ်းများအား မတရားအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်၍ Civil Disobidience Movement တွင် ပါ၀င်ကြရန်နှင့် လိုက်နာမှုမရှိသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း CNO/CNDF က ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် နောက်ဆုံးအကြိမ် သတိပေးထားပြီး ဖြစ်သည်။

CDM ပြုလုပ်ခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီအား ပံ့ပိုးပေးလျက်ရှိသော အကြမ်းဖက်လက်ပါးစေ အဆိုပါ ရဲ၀န်ထမ်းအား နိုင်ငံတကာ စစ်ခုံရုံး စစ်ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင် လိုအပ်သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ထိန်းသိမ်းထားခြင်း ဖြစ်သည်။

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...