ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ် ၈ လုံး ထပ်မံမီးရှို့ဖျက်ဆီး

ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ် ၈ လုံး ထပ်မံမီးရှို့ဖျက်ဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင် ယနေ့မနက်ပို်င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ် ၈ လုံး ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာသားများ၏ အသုံးအဆောင်ပစ္စည်းအများ အပြားကိုလည်း ခိုးယူသွားကြသည်ဟု တားလ်ဒေသခံတစ်ဦးကပြောသည်။

“စစ်သားတွေက မနေ့ညက ရွာမှာအိပ်ကြတယ်။ ဒီမနက်သူတို့ (စစ်သားတွွေ) ထွက်တာနဲ့ အိမ်ကိုမီီးရှို့တာ ၈ လုံး၊ သူတို့လည်းထွက်တော့ ကျွန်တော်တို့ ဝင်တာနဲ့ မီးခိုးတွေ့လို့ မီးငြိမ်းကြတာ အကုန်လုံး ပျက်စီးသွားပြီ။ ပြာဖြစ်ပြီ။ ဟိုအရင်မှာက ၃ လုံးမီးရှို့တာ။”ဟု တားလ်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တားလ်ကျေးရွာတွင် အောက်တိုဘာလ ၁၇  ရက်မှ ၁၉ ရက်နေ့ ၃ ရက်အကြာ စခန်းချတပ်စွဲထားခဲ့ကြသည့်အပြင် အောက်တိုဘာလ ၂၃ ရက်နေ့မနက်ပိုင်းက ဟား ခါးမြို့မှ ဖလမ်းမြို့ကို စစ်ကား ၅၀ စီးခန့်တို့ဖြင့် ပြန်လှည့်လာကြရာ တားလ်ကျေးရွာရှိ ဘုရားကျောင်း တွင် ညကြပြီးနောက် ယနေ့မနက်တွင် ၎င်းတို့ရွာမှ လူနေအိမ်များကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များကို ဖောက်ထွင်းခဲ့ကြသည့်အပြင် ရိက္ခာများအပါအဝင် စောင်၊ ထိုင်ခုံ၊ ပေါင်းအိုး၊ ပရိဘောဂ ပစ္စည်းများကိုလည်း ခိုးယူသယ်ဆောင်သွား ကြသည်ဟုု သိရသည်။

တားလ်ကျေးရွာသည် ဖလမ်းမြို့မှ ၁၄ မိုင်ခန့်ကွာဝေးကာ အိမ်ခြေ ၃၇ အိမ်ရှိပြီးစစ်ကောင်စီမှ မီးရှို့ဖျက်စီးခံရသောလူနေအိမ် ၁၁ လုံးရှိသည်ဟု သိရသည်။

တားလ်ကျေးရွာ ပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖလမ်းမြို့နယ်ကို ရောက်ရှိလာပြီဟု သတင်းရသည့်အချိန်မှ စတင်ပြီး ရွာလုံးကျွတ် ချောင်းစပ်၊ တောထဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...