ဟားခါးမြို့အနီး ချွန်ကျုံးကျေးရွာတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

ဟားခါးမြို့အနီး ချွန်ကျုံးကျေးရွာတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
ပုံစာ - ပြီးခဲ့သည့်ရက်ပိုင်းက ဟားခါးမြို့သို့ရောက်ရှိလာသည့် အင်အားဖြည့်စစ်ကား အစီး ၄၀ ဝန်းကျင်ဖြစ်သည်။
ပုံစာ - ပြီးခဲ့သည့်ရက်ပိုင်းက ဟားခါးမြို့သို့ရောက်ရှိလာသည့် အင်အားဖြည့်စစ်ကား အစီး ၄၀ ဝန်းကျင်ဖြစ်သည်။

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ခွန်ကျုံးကျေးရွာ အပြင်ဖက်တစ်နေရာတွင် ယမန့်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

“ဖလမ်းကနေ တက်လာတဲ့ကား အလုံးအရင်းနဲ့တက်လာကြတယ်၊ ကျွန်တော်တို့က ဒီနောက်ဆုံးယာဉ်တန်းကို လုံခြုံရေးယူတဲ့အဖွဲ့ကို  ကျွန်တော်တို့ အတက်နိုင်ဆုံး ပစ်ကွင်းကောင်းတဲ့နေရာကနေ စောင့်ပြီးတော့ ချွန်ကျုံးရွာအလွန်််် အဲ့ဒီတောထဲကနေ ဖြတ််တိုက်တာပေါ့။ ကျွန်တော်တို့ဘက်က အကာအကွယ်ကောင်းကောင်းယူပြီးတော့ ပြောက်ကျားအနေအထားဖြစ်တော့ အသေအပျောက်တော့မရှိဘူးပေါ့၊ သူတို့ဖက် ကတော့ ၄ ယောက်ကျတယ်၊ ၁ဝ ယောက်လောက်ကတော့ ဒဏ်ရာအကြီးကြီးရထားတာပေါ့။” ဟု CNF ပြောခွင့်ရသူ ဆလိုင်းထက်နီကပြောသည်။

အဆိုပါစစ်ယာဉ်တန်းသည် ဖလမ်းမြို့မှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် စတင်ထွက်လာခဲ့သည်ဟုသိရပြီး အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ဟားခါးမြို့ကို ရောက်ရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်ကိုသွားသော ကားလမ်းပေါ်ရှိ ကားပြင်ဆိုင်မှ အလုပ်သမားများနှင့် Rual-U သုသာန်တွင် အုတ်ဂူပြင်ဆင်နေသော လူ ၁၀ ဦးခန့််တို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က လက်ပြန်ကြိုးတုပ်ပြီး စစ်ကြောင်းရှေ့တွင် လူသားဒိုင်းသဖွယ် ခေါ်ဆောင်မှုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့်ပြည်သူများကို သေနတ်ဒင်ဖြင့် ထုခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီီခွဲအချိန်တွင် ပြန်လည်လွတ်ပေးသည်ဟု သိရသည်။

စစ်ကောင်စီမှ ယခုလဆန်းပိုင်း ၉ ရက်နေ့မှစတင်ကာ ချင်းပြည်နယ်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းဖက်များမှ သံချပ်ကာကားအချို့အပါအဝင် စစ်ကား အစီး ၈၀ ဝန်းကျင်ခန့်ဖြင့် စစ်အင်အား အလွန်အကျွံဖြည့်တင်းလာခဲ့ပြီး ယင်းနှစ်ပတ်တာကာလ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...