ဖလမ်းနှင့် ဟားခါးမြို့ကြားတွင် စစ်ကောင်စီကား ၉ စီး တိုက်ခိုက်ဖျက်ဆီး

ဖလမ်းနှင့် ဟားခါးမြို့ကြားတွင် စစ်ကောင်စီကား ၉ စီး တိုက်ခိုက်ဖျက်ဆီး

ချင်းပြည်နယ် ဟားခါးမြို့နှင့် ဖလမ်းမြို့ကြား တာလ်ကျေးရွာအနီးတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF၊ CNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား အောက်တိုဘာ ၁၇ ရက်ညနေပိုင်းက တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီယာဉ် ၉ စီး ဖျက်ဆီးခံရပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားအများပြား သေးဆုံးခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး CNF အကြီးကဲတစ်ဦးအား မေးမြန်းခဲ့ရာ "စစ်ကောင်စီတပ်သားများ ချင်းတောင်လာပါက ပြန်လမ်းမရှိဘူး" ဟု ပြောသည်။

အောက်တိုဘာ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ စစ်ကောင်စီယာဉ် တင့်ကား အပါအဝင် အစီး ၂၀ ကျော် ချင်းတောင်ဘက်သို့ တက်လာခဲ့ပြီး ဖလမ်းနှင့်ဟားခါးမြို့ကြားတွင် ယခုကဲ့သို့ တိုက်ခိုက်ခြေမှုန်းခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဖလမ်းနှင့် ဟားခါးကြားတွင် စစ်ကောင်စီကား ၇ စီးကို CNF, CDF, CNDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်စီးခဲ့ပြီးဖြစ်သည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...