ဟားခါး-ဖလမ်းကြား ထလန်ရောန်တွင် ခေတ္တစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA/CNF နှင့် CDF မှ ပူးပေါင်းတိုက်ခိုက်

ဟားခါး-ဖလမ်းကြား ထလန်ရောန်တွင် ခေတ္တစခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA/CNF နှင့် CDF မှ ပူးပေါင်းတိုက်ခိုက်

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြားရှိ ထလန်ရောန်နားတွင် စခန်းချထားသည့် ဟားခါးဖက်သို့တက်မည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့မနက်ပိုင်းက ချင်းအမျိုးသားတပ်ဦး (CNA/CNF) နှင့် CDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့မနက် ၁၁ နာရီဝန်းကျင်ခန့်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNA/CNF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ပူးထက်နီက ယခုလိုပြောသည်။

"ဒီနေ့မနက် ၁၁ နာရီလောက်က ဟားခါး-ဖလမ်းကြား ထလန်ရောန်မှာ စခန်းချနေတဲ့ စစ်ကောင်စီစစ်တပ်၊ ဟားခါးကိုတက်ဖို့လုပ်နေတဲ့ စစ်တပ်ကို ကျွန်တော်တို့ဖက်ကနေ ပစ်လိုက်တယ်။ ပစ်လိုက်တော့ သူတို့ ဖလမ်းမြို့ပေါ်က ၁၆၈ စခန်းကနေ ၁၂၂ မမနဲ့ စစ်ကူပစ်လိုက်တယ်။ အခု တိုက်ပွဲကတော့ ခန နားသွားတာပေါ့။ ကိုယ့်ဖက်က အထိအခိုက်တော့မရှိဘူး။ သူတို့ဖက်က အထိအခိုက်ကိုတော့ ကျွန်တော်တို့ မသိရသေးဘူး။"

ဟားခါးဖက်သို့ စစ်ကူတက်မည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနောက် ဖလမ်းမြို့ တောင်ကုန်းပေါ်ရှိ ၁၆၈ တပ်ကုန်းစခန်းမှ ၁၂၂ မမဖြင့် လက်နက်ကြီးပစ်ကူမှုများပြုလုပ်ခဲ့ပြီး ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ပူးထက်နီက "သူတို့က မနက်ကတည်းက လုံပီး၊ ထလန်ရောန်နားတွေမှာ စခန်းချထားတယ်။ ဟားခါးဖက်ကိုတက်လာဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတွေဖြစ်တယ်။ ဒီနေ့တိုက်ပွဲက မိနစ် ၃၀ လောက်ကြာမယ်။ ဆက်လက်ပြီးတော့ ဘာဖြစ်လာမလဲ မသိရသေးဘူးပေါ့။ ဟားခါးဖက်တက်လာပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်တယ်လို့တော့ ကျွန်တော်တို့က ခန့်မှန်းသုံးသပ်တာပေါ့။" ဟု ဆက်ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ရီလ်သီးကျေးရွာအနီး ထလန်ရောန်ကျေးရွာမှ နေအိမ် ၉ လုံးကို စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့မနက်အစောပိုင်းကလည်း ရီလ်သီးကျေးရွာရှိ ဘုရားကျောင်းတစ်ကျောင်း၊ ဂိုဒေါင်တစ်လုံးနှင့် လူနေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...