ဖလမ်း-ဟားခါးလမ်းမပေါ်ရှိသော ထလန်ရောန်ရွာသစ် လူနေအိမ် ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့

ဖလမ်း-ဟားခါးလမ်းမပေါ်ရှိသော ထလန်ရောန်ရွာသစ် လူနေအိမ် ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်းမပေါ်တွင်ရှိသော ထလန်ရောန်ရွာသစ်ရှိ လူနေအိမ် ၉ လုံးကို ယနေ့မနက် ၁၀ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်စီးပြီး ယင်းရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း သိရသည်။

“ထလန်ရောန်ရွာသစ်ကတော့ အိမ် ၉ လုံး လောင်သွားတယ်။ ဘုရားကျောင်းပိုင် ရိပ်သာတစ်လုံး၊ နောက်တိုက်ပွဲလည်းစပြီတဲ့ အဲ့ရွာနားလောက်မှာဖြစ်တဲ့သဘောပဲ။ အခုလူတွေက ၆၀ ပတ်ဝန်းကျင်က တနေရာနဲ့ တခြားသူတွေကတော့ တခြားတနေရာ တောထဲတွေမှာပဲ အကုန်လုံးထွက်ပြေးကြတယ် မနေ့ညနေက” ဖလမ်းမြို့မှ ၎င်းတို့နီးစပ်သူက ပြောသည်။

ထလန်ရောန်ကျေးရွာသစ်သည် ဖလမ်းမြို့မှ မိုင် ၁၀ ကွာဝေးပြီး အိမ်ခြေ ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ကျော်ရှိသည်ဟု သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖလမ်းမြို့၊ ရီလ်သီးကျေးရွာ (ယခု လုံပီးရပ်ကွက်) မှ လူနေအိမ် (၁၀) လုံး၊ နှစ်ခြင်းဘုရားကျောင်း၊ ဂိုဒေါင်တို့ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် ကြက်၊ ဝက်၊ ဆိတ် ပစ်သတ်ပြီး ဆန်၊ ဆီ၊ ဆားများကိုလည်း ခိုးယူသွားကြသည်ဟု ဒေသခံထံမှ သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...