မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းထောင်ထားသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံကြေညာခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြ

မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းထောင်ထားသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံကြေညာခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများကို တောင်ယာခြံထဲမသွားကြရန်နှင့် မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်ဗုံးထောင်ထားသည်ဟု လိုက်လံကြေညာနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြရသည်ဟု မတူပီမြု့ဒေသခံများထံက သိရသည်။

“စစ်သားတွေက ဒီနေ့ဆော်သြတာက အကုန်လုံး ဘယ်မှမသွားရဘူး၊ အကုန်လုံး မြို့ပတ်ပတ်လည်မှာ မိုင်းထောင်းထားတယ်။ မြို့ပြင်ထွက်တာတို့ ခြံသွားတာတို့၊ မတူပီနှင့် မင်းတပ်ကို မသွားရဘူး၊ ဒီဖက်မှာ ခြံမသွားရရင် စားစရာကမရှိ၊ ဟင်းကမရှိဘူး ခက်ခဲတယ်။ အခုက ဘယ်မှသွားလို့မရဘူးဆိုတော့။ နောက်ပြီိး လူငယ်တွေနဲ့ ပြည်သူတွေက ပူးပေါင်းရင် ဥပဒေအရ တရားစွဲမယ်ဆိုပြီး ဆော်သြတာ။” ဟု ပြောသည်။

ချင်းပြည်နယ် မင်းတပ်-မတူပီ ကားလမ်းကြား မြေပြိုမှုများရှင်းလင်းနေစဉ် လာရောက်ပစ်ခတ်ခြင်းမပြုလုပ်ရန်နှင့် တောင်ယာခြံများတွင် မသွားရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လိုက်လံဆော်သြနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတို့သည် ယမန်နေ့ညက လည်မျိုးချောင်းတွင် ညအိပ်ကြသည့်အပြင် မတူပီမြို့ပေါ်တွင် လုံခြုံရေးအသုံးပြုရန်အတွက် ရဲတပ်ရင်း ၁ဝဝ ကျော်ချထားမည်ဖြစ်မည်ဟု သိရပြီး လက်ရှိ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း စစ်တပ်နှင့်ရဲ တပ်ရင်း အင်အားအများအပြား ဆက်လက်ပို့ဆောင်မှုများရှိနေကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကစပြီး ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်ကို ဆက်သွယ်ရေး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် စစ်အင်အားလည်း တိုးချဲ့ဖြည့်တင်းလျှက်ရှိသည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...