ပလက်ဝမြို့က ဖမ်းဆီးခံရသော ချင်းလူငယ် ၄ ဦး ယနေ့ပြန်လွတ်မြောက်လာ

ပလက်ဝမြို့က ဖမ်းဆီးခံရသော ချင်းလူငယ် ၄ ဦး ယနေ့ပြန်လွတ်မြောက်လာ

ချင်းပြည်နယ်၊ ပလက်ဝမြို့မေလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရသော ပလက်ဝ ချင်းလူငယ် ၄ ဦးကို ယနေ့ တရားရုံးထုတ်အပြီး မနက် ၁၁ နာရီအချိန်တွင် ပြန်လည်လွတ််မြောက်လာကြပြီဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၁၁ နာရီမှာ ပြန်လွတ်တယ်၊ ၄ ယောက်စလုံးပါ၊ သူတို့ကို တရားစွဲတဲ့လူက တရားဆွဲတာမှားသွားတယ်၊ တရားသူကြီးထွက်ဆိုချက်အရ အမှုမမြောက်တဲ့အတွက် အဲ့တာနဲ့ လွတ်ပေးလိုက်တာလို့ပြောတယ်။ သူတို့ ကျန်းမာရေးအခြေအန အားလုံးကောင်းကြတယ်၊ အားလုံး အိမ်ပြန်ရောက်နေကြပြီ၊ ကျွန်တော်တို့တော့ ပြောမရအောင် ပီတိတွေဖြစ်ရပါတယ်” အုပ်ထိန်းသူတစ်ဦးကေ ပြာသည်။

အဆိုပါပြန်လွတ်မြောက်လာသူများမှာ ကိုအိုက်မင်း (အဆိုတော်)၊ ကိုအိုက်ထွန်းမင်း (ကုမ္ပဏီ)၊ ကိုအိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အားလူး တို့ဖြစ်ကြပြီး ၎င်းတို့ကို တရားသေ ပြန်လွတ်ပေးခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၂ ရက် နေ့တွင်လည်း အဂ္ဂါပေလူမှုဖွ့ံဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးဖြစ်သော ဦးရာကျော်ကို တရားလိုဖြစ်သူ စစ်ကောင်စီဖက်မှ ထောက်ခံချက်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၎င်းတို့ (၅) ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးရန်အတွက် အလှူငွေကောက်ခံသည့် ကိစ္စနှင့်ပက်သက်၍ ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...