မီဇိုရမ်ပြည်နယ်ရှိ Benjamin Sum ပရိတ်သတ်များက မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

မီဇိုရမ်ပြည်နယ်ရှိ Benjamin Sum ပရိတ်သတ်များက မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ Benjamin Sum ပရိတ်သတ် Summer များက မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် လိုအပ်တဲ့ပစ္စည်းများအပြင် ရူပီးငွေ ၁၂၀၀၀ ကို မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee (MRRC) ထံ လှူဒါန်းခဲ့သည်။

Benjamin Sum အပါအဝင် သူ့ချစ်ပရိတ်သတ် Summer များနဲ့အတူ ပေးလှူခဲ့သော အဝတ်အထည် ၁၂၂ အိတ်၊ mask နှစ်ထောင်၊ မိန်းကလေးအသုံးဆောင်ပစ္စည်း ၂ ဖာနှင့် ရူပီး ၁၂၀၀၀ ကို Myanmar Refugee Relief Committee (MRRC) ထံ အောက်တိုဘာ ၇ ရက်နေ့က ပေးလှူခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ယခုလို Summer များရဲ့ ပေးလှူခဲ့သောပစ္စည်းများကို မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများထံ လိုအပ်သလို ပြန်လည်ဖြန့်ဝေသွားမယ်လို့ Myanmar Refugee Relief Committee (MRRC) ဥက္ကဌ Vanlalchhana (Vantea) က ခုလိုပြောပါတယ်။

“အခု Summer တွေ ပေးလှူခဲ့တဲ့ပစ္စည်းအပြင်၊ အခြားသူများကလည်း ပေးလှူထားတဲ့ပစ္စည်းတွေရှိတယ်။ အဲဒါတွေကို မီဇိုရမ်ပြည်နယ် အသီးသီးမှာရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်များထံ လိုအပ်သလို ပြန်လည်ဖြန့်ဝေမှာဖြစ်တယ်။” လို့ ပြောသည်။

Myanmar Idol ကြယ်ပွင့် နာမည်ကျော်အဆိုတော့ Benjamin Sum သည် လက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင်ရှိနေပြီး အဖက်ဖက်မှ ရန်ပုံငွေများရှာဖွေကာ ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော အနုပညာရှင်တစ်ဦးဖြစ်သည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...