မဏီပူပြည်နယ်တွင် နိုင်ငံသားကဒ်အတု ကိုင်ဆောင်လာသူ မြန်မာလူမျိုး ၂၄ ဦး ဖမ်းဆီး

မဏီပူပြည်နယ်တွင် နိုင်ငံသားကဒ်အတု ကိုင်ဆောင်လာသူ မြန်မာလူမျိုး ၂၄ ဦး ဖမ်းဆီး

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှတဆင့် မဏီပူပြည်နယ်တွင် အလုပ်လုပ်ဖို့သွားကြတဲ့ အိန္ဒိယနိုင်ငံသားကဒ် (Aadhar Card) အတုကိုင်ဆောင်လာသော မြန်မာနိုင်ငံသား ၂၄ ယောက်ကို မိုးလေး (Moreh) စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီး ခံထားရကြောင်း သိရသည်။

အဆိုပါ အဖမ်းဆီးခံထားရသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ကဖြစ်ပြီး မြန်မာနိုင်ငံတွင် အလုပ်အကိုင်အဆင်မပြေမှုများကြောင့် မဏီပူပြည်နယ်တွင် ယက္ကန်းလုပ်ငန်းလုပ်ဖို့ လာရောက်ကြသူများဖြစ်ကာ မဏီပူပြည်နယ် မိုးလေးတွင် နိုင်ငံသားကဒ်အတုကိုင်ဆောင်မှုကြောင့် ဖမ်းဆီးထားခြင်းဖြစ်တယ်လို့ ယက္ကန်းအလုပ်သမားတစ်ဦးက ပြောပါသည်။

“ကြားရတဲ့သတင်းအရဆိုရင် ၂၄ ယောက် အဖမ်းခံရတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း တော်တော်များများပါတယ်လို့ သိရတယ်။ ပြီးတော့ နိုင်ငံသားကဒ်အတုတွေ ကိုင်ဆောင်လာတာဆိုတော့ အမှုကကြီးတယ်။” လို့ ပြောသည်။

ယခုလို မြန်မာနိုင်ငံမှ မဏီပူပြည်နယ်တွင် အလုပ်လုပ်ကိုင်ဖို့ လာရောက်ကြသူများတွင် နိုင်ငံသားကဒ်အတု ကိုင်ဆောင်လာခြင်းကြောင့် Churachandpur မြို့ရှိ ယက္ကန်းအလုပ်ရုံများတွင် ရဲတွေ လာရောက်စစ်ဆေးသွားတယ်လို့ ယက္ကန်းအလုပ်သမားတစ်ဦးက ယခုလို ဆက်ပြောပါတယ်။

“မနေ့ညက အလုပ်ရုံတွေမှာ ရဲတွေလာပြီး စစ်ဆေးသွားတယ်။ ယနေ့မနက်ကလည်း ရဲတွေ ထပ်လာတယ်။ ကျနော်တို့လည်း ကြောက်လို့ ပုန်းနေရတယ်။ အဓိကတော့ အဲဒီ နိုင်ငံသားအတုကို လုပ်ပေးတဲ့သူကို လာရှာတာဖြစ်နိုင်တယ်။” လို့ ပြောသည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း မြန်မာပြည်သား အိန္ဒိယနိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုဖြင့် မကြာမကြာ ဖမ်းဆီးခံထားရကြောင်းနှင့် မဏီပူပြည်နယ်တွင် ယက္ကန်းအလုပ်သမား မြန်မာလူမျိုး အယောက် ၅၀၀ ခန့်ရှိမည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံ မဏီပူပြည်နယ် အင်ဖာလေဆိပ်တွင် ဒေလီမြို့သို့သွားရောက်မည့် မြန်မာနိုင်ငံသား ၁၄ ဦးကိုလည်း အိန္ဒိယနိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့သည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...