မင်းတပ်မြို့နယ် စစ်ဘေးရှောင်များ ပြောင်းဖူးနှင့် အသီးအရွက်များသာ စားသုံးနေရ

မင်းတပ်မြို့နယ် စစ်ဘေးရှောင်များ ပြောင်းဖူးနှင့် အသီးအရွက်များသာ စားသုံးနေရ
ဓာတ်ပုံ - မင်းတပ်စစ်ဘေးရှောင်များ (ပုံအဟောင်း)
ဓာတ်ပုံ - မင်းတပ်စစ်ဘေးရှောင်များ (ပုံအဟောင်း)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာသယ်ယူသောလမ်းကြောင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးမှုများရှိနေသောကြောင့် စစ်ဘေးရှောင်ပြည်သူများ ပြောင်းဖူးနှင့် အသီးအရွက်များ စားသုံးနေကြရသည်ဟု စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီိဝင်တစ်ဦးထံမှ သိရသည်။

“ရွာဖက်ခြမ်းမှာရှိတဲ့ တောင်သူတွေ စိုက်ပျိုးတဲ့ပြောင်းဖူးရယ် ဖရုံးသီးတွေကို အဓိကစားကြတော့တာ တချို့ရွာတွေမှာ၊ ဆန်က လုံးဝမရှိတော့၊ အရင်ဖြန့်ထားတဲ့ဆန်တွေလည်း ကုန်သွားပြီ စက်တင်ဘာလလယ်လောက်ကစပြီးမှ တော်တော်များ ရိက္ခာပြတ်လာတယ်၊ တချို့ရွာတွေနည်းနည်း ပါးပါးကျန်သေးတယ် ဒါပေမယ့် တောက်လျှောက် ဒီပုံစံအတိုင်းသွားရင်တော့ စားနပ်ရိက္ခာ လုံးဝပြတ်တော့မှာ” ဟု မင်းတပ် စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီိဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းတပ်မြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာပို့ဆောင်ကူညီပေးသူများကို ခြိမ်းခြောက်ဖမ်းဆီးများ ပြုလုပ်သည့်အပြင် မင်းတပ်မြို့နှင့် ယောနယ်လမ်းကြောင်းပေါ် နေရာယူရှိနေခြင်းများကြောင့် ရိက္ခာများသယ်ယူရာတွင် ပိုမိုခက်ခဲလာခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေများကြောင့် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါး၊ ဆန်နှင့် စားကုန်များ ပြတ်တောက်မှု ကြုံတွေ့နေခြင်းဖြစ်သည်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီ၏ လက်ရှိ စစ်ဘေးရှောင်လူဦးရေစာရင်းအရ ခြောက်ထောင်ကျော်အထိရှိလာသည်ဟု သိရပြီး ငါးလအတွင်း ၎င်းစစ်ဘေးရှောင်များတွင် ဆေးဝါး၊ ရိက္ခာပြတ်လပ်မှုများကြောင့် အာဟာရပြတ်လပ်ပြီး သေဆုံးသည့်ကလေးငယ်နှင့် စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးသူ အယောက် ၃၀ ခန့်ရှိပြီဖြစ်ကြောင်းလည်း စစ်ဘေးရှောင်ကူညီရေးထံတွင် သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် CDF-မင်းတပ်တို့အကြား အပစ်ခတ်ရပ်သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များကလည်း စစ်ဘေးရှောင်များရှိသော Camp၊ ကျေးရွာများအထိ စစ်ကြောင်းများ ထိုးစစ်ဆင်မှုတွေရှိလာသော ကြောင့် စစ်ဘေးရှောင်ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-မင်းတပ်တို့ မြို့တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများက စိုးရိမ်ကြောက်ရွံ့သောကြောင့် မင်းတပ်မြို့နှင့် ၁၈ မိုင်ဝေးသော မကွေးတိုင်း၊ ကျောက်ထုမြို့တွင် စစ်ဘေးတိမ်းရှောင်သူများရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ - မင်းတပ်စစ်ဘေးရှောင်များ (ပုံအဟောင်း)

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...