မီဇိုရမ်တွင် စစ်ဘေးရှောင်ချင်းအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

မီဇိုရမ်တွင် စစ်ဘေးရှောင်ချင်းအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ထွက်ပြေးတိမ်းရှောင်သော စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ကြိုးဆွဲချသေးဆုံးခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ စစ်ဘေးရှောင်များထားရှိရာ Holy Cross အဆောင်တွင် နေထိုင်သည့် အသက် (၃၅) နှစ်အရွယ် Khenzamkim သည် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက စိတ်ဓာတ်ကျ/ စိတ်ဖိစီးမှုခေါ် (Depression) ကြောင့် မိမိကိုယ်မိမိ ကြိုးဆွဲချသေးဆုံးခဲ့ကြောင်း ကျန်းဖိုင်းမြို့ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးကပြောသည်။

“ဟုတ်ပါတယ်။ သိပ်ဝမ်းနည်းစရာကောင်းတယ်။ သူက တွန်းဇံမြို့နယ် Ronzang ကနေ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်တယ်။ မီဇိုရမ်ကို ရောက်လာတာ တစ်လလောက်ဘဲရှိသေးတယ်။ သူ့မိန်းမနဲ့ကွဲပြီး ထွက်လာတာလို့ သိရတယ်။ သားသမီး သုံးယောက်ရှိတယ်လို့လည်း သိရတယ်။ သူ့မိန်းမနဲ့ကွဲလို့ အဲဒီစိတ်ဖိစီးမှုဒဏ် (Depression) ကြောင့် ခုလို ဖြစ်သွားတယ်လို့ဘဲ မြင်ပါတယ်။” ဟု သူကပြောသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး လက်ရှိ ကျန်ဖိုင်းခရိုင်တွင် မြန်မာစစ်ဘေးရှောင် အများဆုံးထွက်ပြေးတိမ်းရှောင်လာသော မြို့တစ်မြို့ဖြစ်သည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...