မတူပီမြို့အနီး ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ ဖောက်ခွဲခံရ

မတူပီမြို့အနီး ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ ဖောက်ခွဲခံရ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အနီးတွင်ရှိသော ခလရ ၁၄၀ တပ်ရင်းမှ အဓိကအသုံးပြုသည့် ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ အဆောက်အအုံကို အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ဗုံးဖောက်ခွဲခံရသည်ဟု သိရသည်။

“ကျွန်တော် သတင်းကြားတာကတော့ မနေ့ပါ၊ ဗုံးခွဲတာ သူတို့ ရေအားလျှပ်စစ်ကို လူငယ်တွေက မိုင်းခွဲပြီးလို့ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာပေါ့၊ အဲ့ရေးအားလျှပ်စစ်က စစ်တပ်တွေက အဓိကသုံးတာ၊” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဘုံတလာ ရေအားလျှပ်စစ် စက်ရုံသည် မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည်ဟု သိရပြီး လည်မျိုချောင်းရေကို အမှီပြုတည်ဆောက်ထားသည့် ရေအားလျှပ်စစ် စက်ရုံဖြစ်ပြီး ယခင်တွင် စန်ဘောင်ရပ်ကွက်၊ ဗျူဟာကုန်းနှင့် ဖနိုင်ကျေးရွာတို့တွင် လျှပ်စစ်မီးများကို အသုံးပြုခဲ့သော်လည်း မဟာဓာတ်အားလိုင်းရရှိပြီးသည့် နောက်ပို်င်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အသုံးပြုကြသည်ဟု သိရသည်။

မတူပီမြို့၊ဘုံတလာ ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးလုပ်ငန်ကို ၂၀၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ၍ ၁ နှစ်ကျော်အကြာ ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား ကီလိုဝပ် (၅၀၀) ထုတ်လုပ်ပေးနိုင်သော ရေအားလျှပ်စစ် စက်ရုံအမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။

မတူပီမြို့၊ မြို့ပြမီးလင်းရေး မှတ်တမ်းများအရ မတူပီမြို့ လျှပ်စစ်စွမ်းအင်ကို နန်းမလောင်ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသောဓာတ်အားကို အဓိကသုုံးစွဲကြရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ၂၀၂၀ ခုနှစ်မှ  မဟာလျှပ်စစ် ဓာတ်အားလိုင်းသွယ်တန်းနိုင်ခဲ့ခြင်းကြောင့် ယခုမတူပီတွင် လျှပ်စစ်ဓာတ်အားလိုင်း အလုံအလောက်သုံးစွဲခွင့် ရရှိလာကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...