မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကျောင်းနေရွယ်ကလေးငယ်များ စနစ်တကျ ပညာသင်ကြားနိုင်ရေးဆွေးနွေး

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကျောင်းနေရွယ်ကလေးငယ်များ စနစ်တကျ ပညာသင်ကြားနိုင်ရေးဆွေးနွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဌာနဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး ခရိုင်အသီးသီးရှိ တာဝန်ရှိ District Education Officer (DEO) များနှင့် အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်း Zonet သတင်းတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က စစ်ဘေးရှောင်များသည် မိမိတို့ညီအကိုတွေဖြစ်သည့်အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးခြင်းဟာ ကျနော်တို့ လုပ်ဆောင်ရမဲ့တာဝန်ဖြစ်တယ်ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မီဇိုရမ်ပြည်နယ်အသီးသီးမှ District Education Officer (DEO) မ်ားက မိမိခရိုင်အတွင်း မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များဦးရေနှင့် လိုအပ်သည့်အရာများကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးထံ တင်ပြခဲ့ကြသလို Mizoram Board of School Education (MBSE) အောက်တွင် ၁၀ တန်းနှင့် ၁၂ တန်း ဖြေဆိုနိုင်ရေးကိစ္စကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိနေသည့် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များလိုအပ်သည့်အရာများ

ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် DATA များစုဆောင်းပြီး  ပြည်မအစိုးရထံ တင်ပြတောင်းဆိုသွားရန်လည်း ဆွေးနွေးခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှာင်ဦးရေ ၁၀၀၀၀ ကျော်ရှိပြီး ယင်းအနက် ကျောင်းနေအရွယ်ကလေးငယ် ၃၀၀ ကျော်ရှိသည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...