မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကျောင်းနေရွယ်ကလေးငယ်များ စနစ်တကျ ပညာသင်ကြားနိုင်ရေးဆွေးနွေး

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်ကျောင်းနေရွယ်ကလေးငယ်များ စနစ်တကျ ပညာသင်ကြားနိုင်ရေးဆွေးနွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဌာနဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး ခရိုင်အသီးသီးရှိ တာဝန်ရှိ District Education Officer (DEO) များနှင့် အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်း Zonet သတင်းတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က စစ်ဘေးရှောင်များသည် မိမိတို့ညီအကိုတွေဖြစ်သည့်အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးခြင်းဟာ ကျနော်တို့ လုပ်ဆောင်ရမဲ့တာဝန်ဖြစ်တယ်ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မီဇိုရမ်ပြည်နယ်အသီးသီးမှ District Education Officer (DEO) မ်ားက မိမိခရိုင်အတွင်း မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များဦးရေနှင့် လိုအပ်သည့်အရာများကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးထံ တင်ပြခဲ့ကြသလို Mizoram Board of School Education (MBSE) အောက်တွင် ၁၀ တန်းနှင့် ၁၂ တန်း ဖြေဆိုနိုင်ရေးကိစ္စကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိနေသည့် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များလိုအပ်သည့်အရာများ

ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် DATA များစုဆောင်းပြီး  ပြည်မအစိုးရထံ တင်ပြတောင်းဆိုသွားရန်လည်း ဆွေးနွေးခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှာင်ဦးရေ ၁၀၀၀၀ ကျော်ရှိပြီး ယင်းအနက် ကျောင်းနေအရွယ်ကလေးငယ် ၃၀၀ ကျော်ရှိသည်ဟု သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...