ဟားခါးမြို့တွင် ဒေသခံပြည်သူ ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီး

ဟားခါးမြို့တွင် ဒေသခံပြည်သူ ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီး

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေသည့် ဒေသခံပြည်သူအား စစ်ဆေးမှုများပြုလုပ်ကာ ၁၀ ဦးခန့်ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဟားခါးမြို့တွင်းနေရာအချိူ့တွင်ကင်းလှည့်ကာ မြို့တွင်းသွားလာသူများအား ရပ်တန့်စေ၍ ဖုန်း၊ ဆိုင်ကယ်များစစ်ဆေးခြင်းများပြုလုပ်ပြီး ပြည်သူ ၁၀ ဦးခန့်အဖမ်းခံခဲ့ရ သည်ဟု အမည်မဖော်လိုသူ ဟားခါးဒေသခံတစ်ဦးကပြောသည်။

"ဒီနေ့က စစ်တပ်တွေက အဖွဲ့နှစ်ဖွဲ့နဲ့ မြို့တွင်း ကင်းလှည့်ကြတယ်၊ တစ်ဖွဲ့မှာ အယောက် ၂၀ လောက်ရှိကြတယ်၊ သူတို့ က သုံးနေရာမှာ စစ်တယ် လမ်းဆုံရယ် မိုးဟိန်းရှေ့မှာရယ် ပြီးရင် စံပြဆောင်ရှိမှာရယ် စစ်တယ်။ ကျွန်တော်တို့လည်း သွားတိုးတော့ စစ်သားတွေက ကျွန်တော်တို့ကို ရပ်ခိုင်းပြီးတော့ ဆိုင်ကယ် toolbox တွေ ပြီးရင် ဖုန်းတွေကိုလိုက်စ စ်ပါတယ်၊ နောက် ကျွန်တော်တို့ လက်တွေကို မြှောက်ခိုင်းပြီးတော့ အိတ်ကပ်တွေလည်း စစ်ပါတယ်။" ဟု ဟားခါးဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းလာသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညပိုင်း ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ကာ လူငယ်အချိူ့ကိုလည်း အကြောင်းမဲ့ဖမ်းဆီးမှုများရှိနေသည့်အတွက် စိုးရိမ်နေကြရသည်ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဧည့်စာရင်းစစ်ဆေးရာတွင် လူငယ်အယောက် ၂၀ ခန့်အဖမ်းခံခဲ့ရပြီး ပြန်လည်လည်လွတ်မြောက်လာသူအချိူ့ရှိသည်ဟုသိရသော်လည်း လူဦးရေအတိကျအတည်ပြုနိုင်ခြင်းမရှိပေ။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...