မီဇိုရမ်ရောက် စစ်ဘေးရှောင်များကို ဘာသာရေးအဖွဲ့အစည်းများမှ ကူညီထောက်ပံ့

မီဇိုရမ်ရောက် စစ်ဘေးရှောင်များကို ဘာသာရေးအဖွဲ့အစည်းများမှ ကူညီထောက်ပံ့

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသူများကို မီဇိုရမ်ရှိ ဘာသာရေးအဖွဲ့အစည်းအသီးသီးတို့က ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

Mizo Conference of Seventh Day Adventist အောက်တွင်ရှိသော Adventist Community Servies, Women’s Ministries နှင့် Aizawl Adventist Hospital ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်အတွင်း ထွက်ပြေးတိမ်း ရှောင်လာသော စစ်ဘေးရှောင်များကို စက်တင်ဘာ ၂၇-၂၈ ရက်နေ့က ကူညီပေးခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

Hnahthial ခရိုင် Cherhlun, New Ngharchhip, Ngharchhip, Thingsai, Bualpui ‘H’, Khawhri နှင့် Tarphoa ကျေးရွာများရှိ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ပဲ၊ အိပ်ယာခင်း၊ ဆောင်၊ အိုးခွက်ပန်ကန် နှင့် အဝတ်အစားများ အပြင် ရူပီး ၅၀၀၀၀ ကိုလည်းသွားရောက်ပေးလှူခဲ့ကြခြင်းဖြစ်သည်။

Mizoram Baptist အသင်းတော် Relief & Development အဖွဲ့ကလည်း မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Sangau နှင့် အနီးအနားကျေးရွာရှိ စစ်ဘေးရှောင်အယောက် ၆၀၀ ထံ မိုးကာ၊ ဆန်၊ ဆီး၊ ပဲ၊ အခြားသော စားနပ်ရိက္ခာများကို စက်တင်ဘာ ၂၄ ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

မီဇိုရမ်ပြည်နယ်ရှိ အကြီးမားဆုံးအသင်းတော်တစ်ခုဖြစ်သော Mizoram Presbyterian အသင်းတော်ကလည်း မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ဖို့ သဘောတူဆုံးဖြတ်ခဲ့ပြီး နယ်အသီးသီးရှိ ပါစတာများအနေဖြင့် မိမိနယ်၊ ဒေသအတွင်းရှိသော စစ်ဘေးရှောင်များလူဦးရေစာရင်းကို စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထားပြီး Synod Office ရုံးတွင် တင်ပြရန် ပြောဆိုခဲ့သည်။

အလားတူ မီဇိုရမ် Chemist & Druggist Association အဖွဲ့ကလည်း စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ရူးပီး ၁၀ သိန်းကျော်တန်ဖိုးရှိ ဆေးဝါးများ၊ Mizoram Bungbel Zuar Association ကလည်း ရူပီး ၂ သိန်းခွဲကျော်တန်ဖိုးရှိ အိုးခွက်ပန်ကန်များ၊ Mizoram secondhand ရောင်းချသူအဖွဲ့အစည်းအသီးသီးတို့ကလည်း ရူပီး ၃၂၇၀၀၀ ကျော် တန်ဖိုးရှိ blanket အပြင် အဝတ်အစားများစွာနှင့် Champhai Import & Export Trade Union အဖွဲ့ကလည်း စစ်ဘေးရှောင်များအတွက် ငွေကြေးများစွာကို မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ Mizo Zirlai Pawl (MZP) အဖွဲ့ထံ ပေးလှူ ခဲ့ကြပြီး စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ဖို့ မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့သည်လည်း စစ်ဘေးရှာင်များရှိရာ နယ်စပ်ဒေသဘက်သို့ ခရီးသွားနေပြီဖြစ်ကြောင်း သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...