ကလေးမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန် စကစဘက် ၃ ဦးသေဆုံး

ကလေးမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန် စကစဘက် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့နေ့လည်ပိုင်း က အာဏာသိမ်းစစ်ကောင်စီနှင့် PDF (Kalay)၊ CNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်တိုက်ခိုက်ခဲ့ပြီး စကစဘက်က ၃ ဦးသေဆုံးကြောင်း PDF (Kalay) မှထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီဖက်မှ ကလေးမြို့တောင်ဘက် ချင်းဆိုင်ရွာ ဝင်ရောက်မွှေနောက်ပြီးနောက် သာစည်ရွာမှတဆင့် အနောက်အရပ် သို့ ဦးတည်ပြီး စစ်ကြောင်း‌လျှောက်တက်လာရာ နေ့လည် ၂ နာရီခန့်တွင် လေးအိမ်စုနှင့် စည်ပင်ကြီးရွာများ အနီးတွင် PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ညနေ ‌၄ နာရီခွဲခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များမှ လက်နက်ကြီးများကိုသာ အဓိကအားကိုး ပစ်ခတ်ခဲ့ပြီး ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့များသည် စည်ပင်ကြီးရွာဘက်တွင်လည်း လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ကာ စည်ပင်ကြီးမှတဆင့် မြို့လှ၊ အင်ဒိုင်းကုန်းဘက်သို့ ဆုတ်ခွာသွားကြောင်းသိရသည်။

ယနေ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဖက်မှ အနည်းဆုံး (၃) ဦး‌သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့မှ ၃ ဦးမှာလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 
 

 

 

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...