မုံးကိုးမြို့နယ် စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း (၁၇) လောင်းတွေ့

မုံးကိုးမြို့နယ် စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း (၁၇) လောင်းတွေ့

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ရှိ ရွာဟောင်းတည်နေရာဖြစ်ဖူးသည့် နမ့်ဟူးနှင့် ရစ်ခူးကျေးရွာ လမ်းထောင့်တွင် စစ်ကောင်စီတပ်သားဟု ယူဆသည့် စစ်ကောင်စီယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်း (၁၇) လောင်း တွေ့ရှိရကြောင်း သတင်းသိရသည်။

“ဒီနေရာက အရင်က ရွာရှိခဲ့ဖူးပါတယ်၊ ရွာနေရာဟောင်းဆိုတော့ သိတဲ့အတိုင်း ချုံတွေက ဟိုတစ်အုပ် ဒီတစ်အုပ်နဲ့ဆိုတော့ တော်ရုံဆို မြင်ရမှာ မဟုတ်ဘူး၊ ဒါမဲ့ ဖြစ်ချင်တော့ ဒီနေ့မှာ တခြားရွာကလာတဲ့ ရွာသားတစ်ယောက်က ဒီဖက်ဖြတ်သွားရင်း မြင်ပြီးလာပြောလို့ သွားကြည့်ကြတာ အလောင်းက (၁၇) လောင်းတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နမ့်ဟူးနှင့် ရစ်ခူးကျေးရွာတို့၏ ကျေးရွာချင်းဆက်လမ်း ဆုံသည့်လမ်းထောင့်နေရာအနီးသည် အရင်တွင် ရွာတစ်ရွာရှိခဲ့ဖူးကြောင်းနှင့် လက်ရှိတွင်လည်း လူသူမနေတော့သည့်အတွက် ရွာဟောင်းနေရာသာဖြစ်ကြောင်းလည်း သိရသည်။

စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား အလောင်းများသည် မည်သည့်တိုက်ပွဲမှ ကျဆုံးသည့် စစ်ကောင်စီအလောင်းဖြစ်ကြောင်း မသိရှိကြောင်းလည်း ဒေသခံများကဆိုသည်။

ထို့အပြင် အဆိုပါ စစ်သား ၁၇ ယောက် ရုပ်အလောင်းတွေ့ရှိရသည့် မနီးမဝေးနေရာတွင် ရပ်တန့်ထားသည့် ကားတစ်စီးရှိနေပြီး အဆိုပါ ကားပေါ်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး အလောင်းလည်း တွေ့ရကြောင်း သိရသည်။

“အရင်က ဒီဖက်မှာ ဒီလိုမရှိဖူးဘူး၊ ကျနော်တို့ ဒီမုံးကိုး အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဖြစ်နေတော့ တခြားရွာက ရွာသားတွေကို သတ်ပီး သူတို့ အဝတ်ဝတ်ပေးလိုက်တာလားလို့လည်း တွေးမိတယ်၊ ပြီးတော့ အမျိုးသမီးနှစ်ဦးအလောင်းလည်း တွေ့ရတော့၊ ဒါက တွေးစရာပဲ” ဟု မုံးကိုးမြို့ခံ လူငယ်တစ်ဦးက ဆိုသည်။

အဆိုပါ ရုပ်အလောင်းများကိစ္စနှင့် ပက်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။

June 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့်...
June 8, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...
June 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း...
June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...