မော်လမြိုင် ဈေးကြို ရတနာထွန်းပွဲရုံတန်း ယာယီပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်နိုင်

မော်လမြိုင် ဈေးကြို ရတနာထွန်းပွဲရုံတန်း ယာယီပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်နိုင်

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေသည့်အကြောင်းပြချက်ဖြင့် မော်လမြိုင် ဈေးကြို ရတနာထွန်းပွဲရုံးတန်းကို ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ပြီး တစ်ပတ်ကြာ ယာယီပိတ်ထားရသည့်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ မြင့်တက်လာနိုင်ကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် ပွဲရုံတန်းကော်မတီက ထုတ်ပြန်ကြေငြာလိုက်သည့်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ အဓိကထားရောင်းချနေသည့် ပွဲရုံဈေးတန်းနေရာဖြစ်နေသောကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း မွန်ပြည်နယ် ကုန်သည်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးကျော်ခိုင်မြင့်က ပြောသည်။

ဦးကျော်ခိုင်မြင့်က “ကျွန်တော်တို့အနေနဲ့ကတော့ ပွဲရုံကို မပေးပိတ်ချင်ဘူး။ ဈေးပိတ်တယ်ဆိုရင် စားသောက်ကုန်တွေ ဘာတွေ ဈေးတက်လာနိုင်တယ်။ ကျွန်တော်တို့ကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းအတိုင်းပေါ့။ စားသောက်ကုန်ကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ပေးဖွင့်စေချင်တယ်" ဟု ပြောသည်။

မွန်ပြည်နယ်၏ ကုန်စည်စည်းဆင်းမှု ရပ်တန့်မသွားစေရန်နှင့် စာသောက်ကုန်ဈေးနှုန်းများ မြင့်မတက်သွားစေရန် ကိုဗစ်စည်းကမ်းများနှင့်အညီ ဖွင့်ထားပေးသင့်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ စည်ပင်သာယာဈေးများနှင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များအားလုံးကို ဇူလိုင်လ ၅ ရက်နေ့မှ စတင်ပိတ်ထားပြီး အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများကိုသာ ရောင်းချခွင့်ပြုထားကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့်စာရင်းများအရ ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လ ၁၃ ရက် ညပိုင်းအထိ မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀၀၀ ဦး၊ သေဆုံးသူ ၁၁၀ ကျော်ရှိကြောင်း သိရသည်။

May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...