မြန်မာတစ်နိုင်ငံလုံး Stay at home သတ်မှတ်ထားသည့် မြို့နယ် ၇၄ ခုရှိ

မြန်မာတစ်နိုင်ငံလုံး Stay at home သတ်မှတ်ထားသည့် မြို့နယ် ၇၄ ခုရှိ

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လာသောကြောင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၇၄ ခုအထိရှိလာပြီး ဇူလိုင်လ ၁၂ ရက်အထိ ကိုဗစ်ကြောင့်သေဆုံးသူ ၆၀၀ နီးပါးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇွန်လ ၂၈ ရက်မှ ဇူလိုင် ၄ ရက်ထိ မြိုနယ် ၂၆ မြိုနယ်ကိုသာ Stay at Home အရင် သတ်မှတ်ထားခဲ့ရာမှ လက်ရှိအချိန်ထိ ထပ်တိုးသတ်မှတ်ထုတ်ပြန်ချက် စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၇၄ မြို့နယ်ထိရှိလာကြောင်း တွေ့ရသည်။

ဇူလိုင် ၆ ရက်တွင် နေပြည်တော် ဇမ္ဗူသီရီနှင့် ပျဉ်းမနားမြိုနယ်အပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ ပဲခူးနှင့် ပြည်မြို့တို့ကို Stay at Home သတ်မှတ်ခဲ့သည်။

ဇူလိုင် ၇ ရက်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်၊ သံဖြူဇရပ်နှင့် သထုံမြိုနယ်တို့ကို Stay at Home ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ မင်္ဂလယတောင်ညွှန့်၊ မြောက်ဥက္ကလာပ၊ ဗဟန်းနှင့် မရမ်းကုန်းမြို့နယ်တို့ကိုလည်း သတ်မှတ်ခဲ့သည်။

ဇူလိုင် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်း၊ ကဝ၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ဝေါနှင့် အုတ်ဖိုမြိုနယ်များအပြင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး၊ တာမွေ၊ ဒဂုံမြိုသစ် (မြောက်ပိုင်း)၊ ရန်ကင်း၊ သာကေတ၊ သင်္ကန်းကျွန်း၊ ခရမ်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒဂုံနှင့် လှိုင်မြိုနယ်တို့ကို Stay at Home ထပ်မံထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်၊ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်နှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းက မကွေးမြို့နယ်၊ ရှမ်းပြည်နယ်က သီပေါ၊ တာချီလိတ်နှင့် မူဆယ်မြို့နယ်၊ ဧရာဝတီတိုင်းတွင် ကန်ကြီးထောင့်နှင့် ဟင်္သာတမြို့နယ်တို့ကိုလည်း  ဇူလိုင် ၁၃ ရက် မနက် ၄ နာရီမှစ၍ Stay at Home အမိန့် အကျုံးဝင်ကြောင်း တပ်တိုးထုတ်ပြန်ခဲ့သည်။

ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေသလို ‌ကိုဗစ်ရောဂါကြောင့် အောက်စီဂျင်ပြတ်လပ်ကာ သေဆုံးမှုနှုန်းလည်း မြင့်တက်လာနေကြောင်း သတင်းများက ဖော်ပြသည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...