ကျိုက်ထိုမြို့ စရဖရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကျိုက်ထိုမြို့ စရဖရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖရုံးအနီးတွင် ယမန်နေ့ (ဇူလိုင် ၈ ရက်) ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန် ၁ လမ်းရှိ စရဖရုံးအနောက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်ဆီးမှုနှင့် ဒဏ်ရာရရှိမှု ရှိ/မရှိကို မွန်သတင်းအေဂျင်စီက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကျိုက်ထိုမြို့ဒေသခံတစ်ဦးက "ဖြစ်တာက စရဖရုံးမှာပါ၊ ဒီကလူတွေ ပြောဆိုနေကြတာတော့ ရထားလမ်းအနောက်ကနေ ရုံးအနောက်ဖက်ကိုလက်ပစ်ဗုံး ပစ်ထည့်သွားတာလို့ကြားတယ်။ ထိခိုက်မှုတွေတော့ မသိရသေးဘူး၊ ကျိုက်ထိုမြို့မှာက ၄ ရက်ခြားတစ်ခါလောက်ကို ဗုံးပေါက်တာတွေ ကြားနေရတာပဲ။ ဟိုတစ်နေ့ကလည်း ကြံခိုင်ရေးပါတီဝင်တစ်ဦးအိမ်မှာ ဗုံးပေါက်သေးတယ်" ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ယင်းသို့ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါနေရာအနီးတဝိုက်ကို စစ်တပ်နဲ့ရဲက လုံခြုံရေးတင်းကြပ်ထားပြီး မြို့တွင်းညနေဈေး ဈေးရောင်းချသူများကလည်း ဈေးဆိုင်များပိတ်လိုက်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ နေအိမ်ဘေးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...