ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားလာသောကြောင့် မော်လမြိုင်မြို့တွင် ဆေးကုသ‌ဆောင်နေရာ ထပ်တိုး

ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားလာသောကြောင့် မော်လမြိုင်မြို့တွင် ဆေးကုသ‌ဆောင်နေရာ ထပ်တိုး

မွန်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ များပြားလာသဖြင့် မော်လမြိုင်ဆေးရုံးကြီးရှိ ကိုဗစ်ဆေးကုသဆောင်များတွင် လူနာပြည့်လျှံလာသောကြောင့် Isolation Ward နေရာများ ထပ်မံတိုးထားကြောင်း စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာသက်ကျော်စိုးက ပြောသည်။

“တိုးဖွင့်တယ်ဆိုတာက Isolation 1 ၊ 3 နောက် (မော်လမြိုင်တက္ကသိုလ်) ဆယ်မြို့နယ်ဆောင်က ထားဝယ်ဆောင်၊ ဘားအံဆောင်၊ မော်လမြိုင်ဆောင်၊ ပြီးတော့ မြေနီကုန်းက ဗိမာန်ပေါ့။ အဲမှာ တိုးထားတာပေါ့” ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။

မော်လမြိုင်ဆေးရုံကြီးရှိ Isolation ward 1 ၊ Isolation ward 2 Isolation ward 3 ၊ မော်လမြိုင်တက္ကသိုလ် ထားဝယ်ဆောင်တို့တွင် လူနာများ ကုသပေးလျက်ရှိသော်လည်း နေရာလုံလောက်မှု မရှိတော့ပေ။

ကျန်မြို့နယ်အသီးသီးတို့တွင်လည်း မြို့နယ်ဆေးရုံအပြင် FBCQ စင်တာများတွင် ထားရှိကုသနေကြပြီး ရောဂါလက္ခဏာပြင်းထန်သူနှင့် သက်ကြီးပိုင်းတို့ကို မော်လမြိုင်မြို့ရှိ ကိုဗစ်ကုသရေးအဆောင်များသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ (ဇူလိုင် ၇ ရက်) စာရင်းအရ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်၍ မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ အတည်ပြုလူနာဦးရေ ၁၆၀၀ နီးပါးရှိပြီး သေဆုံးသူ ၄၆ ဦးထိရှိကြောင်း သိရသည်။

လက်ရှိတွင် မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့ကို Stay at Home သတ်မှတ်ထားပြီး ၎င်းမြို့နယ်များရှိ စာသင်ကျောင်းများလည်း ယာယီပိတ်ထားကြောင်း၊ မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများမှလွဲ၍ ဈေးဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအားလုံး ပိတ်ထားရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...