သံဖြူဇရပ်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုကို Stay at Home သတ်မှတ်

သံဖြူဇရပ်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုကို Stay at Home သတ်မှတ်

သံဖြူဇရပ်မြို့ပေါ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာသောကြောင့် ရပ်ကွက် ၅ ခုကို Stay at Home အဖြစ် သတ်မှတ်လိုက်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းကူးစက်လူနာ များပြားလာသည့်အပြင် အတည်ပြုလူနာနှင့် ထိတွေ့သူလည်း များပြားလာသောကြောင့် ထိန်းချုပ်ရန် လိုအပ်နေကြောင်း၊ သံဖြူဇရပ်မြို့နယ်ရှိ အောင်ဇေယျရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သာယာရပ်ကွက်၊ ကြံ့ခိုင်ရေးရပ်ကွက်နှင့် စက်သစ်ရပ်ကွက်တို့ကို နေအိမ်တွင်နေထိုင်ရေး Stay at Home အဖြစ် သတ်မှတ်လိုက်ကြောင်း ဇူလိုင် ၂ ရက်က ထုတ်ပြန်ခဲ့သော်လည်း ဇူလိုင်လ ၄ ရက် ည ၈ နာရီမှစတင်ကာ သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက "ထိတွေ့မှုများလာလို့ပေါ့။ ကူးစက်မှု ထိတွေ့မှုတွေ များလာလို့ အဲလို သတ်မှတ်လိုက်ရတာပေါ့။ Stay at Home သတ်မှတ်ပြီး ပြန်ထိန်းချုပ်ဖို့ လိုနေလို့ပေါ့" ဟု ပြောသည်။

ယခင်လမှစတင်၍ ယနေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်မှု ပြန်လည်ဖြစ်ပွားလာသည့်ကာလအတွင်း သံဖြူဇရပ်မြို့နယ်၌ ပိုးတွေ့လူနာအရေအတွက် ရုတ်တရက် တိုးများလာရာ ဇူလိုင်လ ၅ ရက်တွင် ၄၈ ဦး၊ ဇူလိုင်လ ၄ ရက်တွင် ၃၆ ဦး၊ ဇူလိုင်လ ၃ ရက်တွင် ၅၀ ဦးနှင့် ဇူလိုင်လ ၂ ရက်နေ့တွင် ၃၀ ဦး စုစုပေါင်းပိုးတွေ့အတည်ပြုလူနာ ၄၅၀ ဦးကျော် စာရင်းတွေ့ရှိရသော်လည်း ယခုအခါ ရောဂါပိုးပျောက်ကင်းသူနှင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သူ လူနာအရေအတွက်ကို သက်ဆိုင်ရာမှ ထုတ်ပြန်ခြင်းမတွေ့ရပေ။

အဆိုပါ Stay at Home သတ်မှတ်ထားသည့် ရပ်ကွက် ၅ ခုမှ ပြည်သူများသည် အပြင်ထွက်ပါက Mask မဖြစ်မနေတပ်ဆင်ရန်၊ ဈေးဝယ်ပါက တစ်အိမ်လျှင် တစ်ဦးတည်းသာသွားလာရန်၊ ဆေးရုံဆေးခန်းသွားပါက တစ်အိမ်လျှင် နှစ်ဦးသာသွားရန် ထုတ်ပြန်ထားသည်။

သံဖြူဇရပ်မြိုနယ် နာရေးကူညီမှုအသင်းတာဝန်ခံ ဦးကျော်ဝင်းက "ကျန်းမာရေးက သူတို့အနေနဲ့ အဲဒီရပ်ကွက်တွေကို ရောဂါဖြစ်နှုန်းများနေတဲ့အတွက် ထိန်းချုပ်နိုင်ခြင်းမရှိတော့လို့ အဲလိူမျိုး အသွားအလာကန့်သတ်လိုက်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

သံဖြူဇရပ်မြိုနယ်မှာ ကိုဗစ်ကူးစက်မှုအခြေအနေသည့် အချိန်နှင့်အမျှ တွေ့ရှိလာနေရကြောင်း ၄င်းက ဆက်ပြောသည်။

ယင်းသို့ သတ်မှတ်ထားသည့် ထုတ်ပြန်ချက်စည်းကမ်းကို လိုက်နာခြင်းမရှိပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ နိုင်ငံတဝန်း ပိုးတွေ့လူနာများပြားလာသဖြင့် မြို့နယ် ၂၆ ခုတွင် Stay at Home သတ်မှတ်ထားသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...