မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၂ သိန်းကျော်ရှိနေဟု ကုလပြော

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၂ သိန်းကျော်ရှိနေဟု ကုလပြော

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများနှင့် အကြမ်းဖက်မှုတို့ကြောင့် လူပေါင်း ၂၂၅,၀၀၀ ကျော်တို့သည် ၎င်းတို့၏ နေအိမ်များကနေ စွန့်ခွာထွက်ပြေး တိမ်းရှောင်ထားကြရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအေဂျင်စီက ထုတ်ဖော်ပြောဆိုခဲ့သည်။

ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁၇၇,၀၀၀ တို့သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း နယ်မြေဒေသများတွင် နေရပ်စွန့်ခွာနေကြရခြင်းဖြစ်ကြောင်း ကုလအေဂျင်စီက ပြောသည်။

နိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားခဲ့သည့် အစိုးရထံမှ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သော အကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲများနှင့် မလုံမခြုံမှု အခြေအနေတို့ကြောင့် အိုးအိမ်စွန့်ခွာရမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူပေးရေး ညှိနှိုင်းမှုအေဂျင်စီ (OCHA) ၏ အစီရင်ခံစာတစ်ရပ်တွင် ပြောထားသည်။

ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပြီးခဲ့သည့် မေလကစခဲ့တဲ့ တိုက်ပွဲများကြောင့် လူပေါင်းနှစ်သောင်းခန့်သည် နေရပ်စွန့်ခွာထားခဲ့ကြရကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်တွင်လည်း ဇန်န၀ါရီလနောက်ပိုင်း လူပေါင်း ၁၇,၇၀၀ ခန့်သည် ၎င်းတို့၏နေအိမ်များကို စွန့်ခွာတိမ်းရှောင်ထားခဲ့ကြရသလို ကချင်ပြည်နယ်တွင်လည်း မတ်လနောက်ပိုင်း လူပေါင်း ၁၁,၆၀၀ ခန့် နေရပ်စွန့်ခွာထားခဲ့ကြရကြောင်း သိရသည်။

 
 

 

 

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...