လက်ထောက်ပညာရေးမှူးအသတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦး အဖမ်းခံရ

လက်ထောက်ပညာရေးမှူးအသတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦး အဖမ်းခံရ

သန်လျင် - ကျောက်တန်းမြို့နယ်မှာ လက်ထောက်ပညာရေးမှူး အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်နဲ့ဆက်စပ်ပြီး ပန်းတောစံပြကျေးရွာရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာဟာ ကမာကလုတ်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်လောက်မှာ သန်လျင်က ရေတပ်စစ်သားတွေက လာရောက်ဖမ်းခေါ်သွားတာပါ။

“မနေ့က လက်ထောက်ပညာရေးမှူး အသတ်ခံလိုက်ရလို့ သန်လျင်-ကျောက်တန်းက CDM ဆရာ/ဆရာမတွေကို သူတို့ လိုက်ရှာကြတာ။ ဆရာ/ဆရာမ အများစုကတော့ ရှောင်နေကြတယ်။ ဆရာမကြီးကတော့ သူ့မိခင်ရဲ့ကျန်းမာရေးကြောင့် ရှောင်နေလို့မရခဲ့တာ” လို့ ဆရာမကြီး ဒေါ်စုစုမာနဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။

သန်လျင် - ကျောက်တန်းမြို့နယ်၊ မင်းဂလွန်းကျေးရွာက လက်ထောက်ပညာရေးမှူး ဦးအေးထွန်းဟာ ဇွန်လ ၁၆ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာကြောင့် သေဆုံးသွားခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် သန်လျင်-ကျောက်တန်းမြို့နယ်က CDM ဆရာ/ဆရာမများ၊ အတိုက်အခံပါတီဝင်များနဲ့ Non-CDM ဝန်ထမ်းတွေကို မထောက်ခံတဲ့သူတွေကို လိုက်လံရှာဖွေပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

“ကမာကလုတ်ရွာမှာဆိုရင်တော့ အဖမ်းခံလိုက်ရတာ ဆရာမကြီးတယောက်ပဲ ရှိသေးတယ်ဆိုပေမယ့် မနေ့က လက်ထောက်ပညာရေးမှူး အသတ်ခံလိုက်ရတဲ့ရွာမှာဆိုရင် တခြားသူတွေလဲ အဖမ်းခံထားရတယ်။ တချို့ကိုဆိုရင် သူတို့လိုက်ဖမ်း/လိုက်ရှာနေတဲ့သူကို မတွေ့လို့ဆိုပြီး သူနဲ့ နီးစပ်တဲ့သူတွေကို နှိပ်စက်တဲ့သဘောမျိုး လုပ်တာတွေတောင်ရှိတယ်” လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

လက်ထောက်ပညာရေးမှူး ဦးအေးထွန်း အသတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကြောင့် ဆရာမကြီး ဒေါ်စုစုမာအပြင် အခြားအဖမ်းခံလိုက်ရသူတွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့အတွက် မဇ္ဇ္ဇျိမက ဆက်လက်စုံစမ်းနေစဲဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်က သေနတ်နဲ့ ၃ ချက်အပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တဲ့ သန်လျင်-ကျောက်တန်းမြို့နယ်၊ မင်းဂလွန်းကျေးရွာ လက်ထောက်ပညာရေးမှူး ဦးအေးထွန်းဟာ စစ်တပ်ရဲ့သတင်းပေးလို့ ဒေသခံများကသိရှိထားပြီး၊ CDM ကျောင်းဆရာ/ဆရာမတွေကိုလည်း အလုပ်ပြန်ဆင်းဖို့ ဖိအားပေးခဲ့သူတဦးဖြစ်ပါတယ်။

 
 

 

 

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...