မြောင်းမြမှာ အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းမတိုင်ရင် ထောင်ချမယ်လို့ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်း

မြောင်းမြမှာ အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းမတိုင်ရင် ထောင်ချမယ်လို့ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်း

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အကြမ်းဖက်စစ်ကောင်စီကခန့်ထားတဲ့ အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဦး (ခ) မိုက်ကယ်က ရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းမရှိတဲ့ အိမ်တွေကို ဧည့်စာရင်းမဖြစ်မနေတိုင်ဖို့ ဧည့်စာရင်းမတိုင်ရင် ထောင် (၆) လ ချခံရမယ်လို့ ခြိမ်းခြောက်ပြီး အိမ်ထောင်စုတစ်စုကို ငွေ ၅၀၀၀ စီတောင်းခံနေတယ်လို့ သိရပါတယ်။

“အမှတ် (၈) အုပ်ချုပ်ရေးမှူးက အရင်က ဦးကျော်မျိုးသန်း၊ သူက CDM လုပ်ပြီး အလုပ်ထွက်သွားလို့ အဲ မိုက်ကယ်ဆိုတဲ့သူက စကစကတောင် မခန့်ရသေးဘူး၊ ငါအုပ်ချုပ်ရေးမှူးလုပ်မယ်ဆိုပြီး တက်လုပ်တာ၊ အရင်က အရက်ဖြူရောင်းနေတာ၊ သူ့သမီးက WY ရောင်းလို့ ထောင်ကျနေတာ၊ စကစက သူ့ကိုခန့်ပြီး ထောင်ကျနေတဲ့ သူ့သမီးကိုပါ ပြန်လွှတ်ပေးတယ်၊ ဧည့်စာရင်းစစ်တယ်ဆိုပြီး အိမ်တွေကို လိုက်ဒုက္ခပေးတယ်၊ ပြီးတာ့ ပိုက်ဆံအမြဲတောင်းတယ်၊ ရပ်ကွက် သာရေး/နာရေးနဲ့ အရောင်းအဝယ်လုပ်နေသူတွေကိုပါ ဆက်ကြေးပုံစံ ပိုက်ဆေံတောင်းနေတာ၊ သူက စကစနဲ့ပေါင်းပြီး လုပ်စားနေတာ၊ မြောင်းမြက အုပ်ချုပ်ရေးမှူးတွေထဲမှာ ရွှေသီး၊ မိုက်ကယ်၊ မျိုးအောင်ဆိုတာ ဒလန်အကြီးစားတွေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြောင်းမြမြို့မှာ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွါးပြီးနောက် အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂၀ ကျော်ထိကို ဖမ်းဆီးထားကာ နှိပ်စက်ဝန်ခံခိုင်းခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...