ဆက်လက်ချီတက်ဆဲ (၉) နှစ်ပြည့် သံလွင်တိုင်းမ်

ဆက်လက်ချီတက်ဆဲ (၉) နှစ်ပြည့် သံလွင်တိုင်းမ်

၂၀၁၂ ခုနှစ်၊ မေလ (၇) ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ သံလွင်တိုင်းမ်သတင်းဌာနသည် ယနေ့တွင် သက်တမ်း (၉) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အများပြည်သူသိပိုင်ခွင့်အတွက် ရည်ရွယ်ပြီး မော်လမြိုင်မြို့မှာ စတင်ထုတ်ဝေခဲ့သော သံလွင်တိုင်းမ်သတင်းဌာနသည် ခရီးကြမ်းကို ဖြတ်ခဲ့ရသည်။

ဂျာနယ်မှသည် အွန်လိုင်းပလက်ဖောင်းသို့ အပြောင်းအလဲဟူသောခရီးကို ဖြတ်ခဲ့ရသလို သတင်းလွတ်လပ်ခွင့်တိုက်ပွဲအတွက် ဘဝတူသတင်းမီဒီယာအစုအဖွဲ့များနှင့် ရေဆန်ခရီးကို ဖြတ်ခဲ့ရသည်။

ဒီမိုကရေစီအတုအယောင်မှသည် စစ်အာဏာသိမ်းသည်အထိ သံလွင်တိုင်းမ်ဖြတ်သန်းခဲ့သော ခေတ်တလျှောက် သတင်းလွတ်လပ်ခွင့် အာမခံချက်မရခဲ့သလို သတင်းဌာနနှင့် သတင်းထောက်များ၏ ရပ်တည်ရေးသည်လည်း အာမခံချက်မရှိခဲ့ပေ။

ယခုအခါတွင်တော့ စစ်အုပ်စုဖြိုဖျက်မှုကြောင့် သတင်းဌာနတွေ အခက်တွေ့ကြသော်လည်း အများပြည်သူတို့၏ သတင်းသိပိုင်ခွင့်အတွက် အခြားသော သတင်းဌာနများနည်းတူ သံလွင်တိုင်းမ်သည်လည်း ဆက်လက်ခရီးဆက်ဆဲဖြစ်သည်။

ဂျာနယ်မှသည် အွန်လိုင်းပလက်ဖောင်းမှသည် ရုပ်သံထုတ်လုပ်နိုင်သည်အထိ ကြိုးစားတည်ဆောက်ခဲ့သော သံလွင်တိုင်းမ်၏ အနာဂတ်ကား စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့် ခေတ္တရပ်တန့်ခဲ့ရသည်။

သက်တမ်း (၉) နှစ်ပြည့် သံလွင်တိုင်းမ်သတင်းဌာနသည် ခြိမ်းခြောက်ခံရမှု၊ ဝင်ရောက်ရှာဖွေခံရမှုနှင့် ဖိနှိပ်မှုတွေအကြား အများပြည်သူစာဖတ်ပရိတ်သတ်တို့၏ အားပေးကူညီမှုဖြင့် ကောင်းစွာခရီးဆက် သတင်းတင်ဆက်နေနိုင်ခဲ့သည်။

သမိုင်းခေတ်တလျှောက်ပြန်ကြည့်သော် အာဏာသိမ်းအုပ်စုအဆက်ဆက် အရင်ဆုံးပစ်မှတ်ထားခံရသည်မှာ ဘက်မတူနိုင်ငံရေးသမားနည်းတူ သတင်းသမားများသာဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်အုပ်စုသည်လည်း ထွန်းသစ်စ မြန်မာ့သတင်းလောကကို အာမခံချက်မပေးပဲ သဲကြီးမဲကြီး ဖျက်ဆီးပြန်သည်။

သက်တမ်း (၉) နှစ်ပြည့်အခါသမယတွင် သံလွင်တိုင်းမ်သတင်းဌာနအနေဖြင့် ဘဝတူ ဖမ်းဆီးခံသတင်းသမားများ ပြန်လွှတ်ပေးရေး တောင်းဆိုလိုသည်။

သတင်းဌာနများအပေါ် အကြမ်းဖက်ဖိနှိပ်မှုများ ရပ်တန့်ရန်လည်း တောင်းဆိုလိုသည်။

သံလွင်တိုင်းမ်သတင်းဌာန၏ ရပ်တည်ချက်ဖြစ်သော သတင်းလွတ်လပ်ခွင့်ကိုအခြေခံပြီး အများပြည်သူသိပိုင်ခွင့်အတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးလိုသည်။

ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...
(ဓာတ်ပုံ - CJ)
August 19, 2026
မွန်ပြည်နယ် လွှတ်တော်တွင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း စစ်အုပ်စု...
ဓာတ်ပုံ - NUG
August 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်...
ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...