မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေးရှောင်များ ထောင်နှင့်ချီ ထွက်ပြေးဝင်ရောက်ခိုလှုံလျက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း အရှိုန်အဟုန်မြင့်တက်လာမှုကြောင့် မေလ ၁၇ ရက်နေ့အထိ တစ်ပြည်နယ်လုံးကို Total Lockdown အဖြစ် ချမှတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်လမှစ၍ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း မြင့်တက်လာမှုကြောင့် ရောဂါပိုးကူးစက်မှုအား ထိန်းချုပ်နိုင်ချုပ်နိုင်ရန် ရည်ရွယ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ အချို့သောမြို့နယ်များကို သုံးပတ်ခန့် သာမန် Lockdown ချထားခဲ့သည်။

သို့သော် ၎င်းကာအတွင်း ရောဂါကူးစက်မှုအရှိုန် မလျော့သည့်အပြင် ကူးစက်မှုနှုန်းများ ပို၍တိုးလာသောကြောင့် ယခုကဲ့သို့ တပြည်နယ်လုံးအတိုင်းအတာဖြင့် Total Lockdown ချမှတ်လိုက်ရခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ယနေ့ (မေလ ၈ ရက်နေ့) မနက်က မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် တစ်ရက်အတွင်း ၂၃၅ ဦးရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် တစ်ရက်ကို ပျမ်းမျှအားဖြင့် လူနာသစ် ၁၀၀ မှ ၂၀၀ အကြား နေ့စဉ်ပုံမှန်ရှိနေကြောင်း သိရသည်။

မေလ ၈ ရက်နေ့မနက် ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုသဆဲလူနာ ၁၉၀၆ ဦးရှိနေကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇ ဦး ရှိသွားပြီဖြစ်သည်ဟု ဖော်ပြထားသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...