မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

မီဇိုရမ်ပြည်နယ်တစ်ခုလုံး မေလ ၁၇ ရက်နေ့ထိ Total Lockdown ချမှတ်

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်ဘေးရှောင်များ ထောင်နှင့်ချီ ထွက်ပြေးဝင်ရောက်ခိုလှုံလျက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း အရှိုန်အဟုန်မြင့်တက်လာမှုကြောင့် မေလ ၁၇ ရက်နေ့အထိ တစ်ပြည်နယ်လုံးကို Total Lockdown အဖြစ် ချမှတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်လမှစ၍ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ဒုတိယလှိုင်း မြင့်တက်လာမှုကြောင့် ရောဂါပိုးကူးစက်မှုအား ထိန်းချုပ်နိုင်ချုပ်နိုင်ရန် ရည်ရွယ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ အချို့သောမြို့နယ်များကို သုံးပတ်ခန့် သာမန် Lockdown ချထားခဲ့သည်။

သို့သော် ၎င်းကာအတွင်း ရောဂါကူးစက်မှုအရှိုန် မလျော့သည့်အပြင် ကူးစက်မှုနှုန်းများ ပို၍တိုးလာသောကြောင့် ယခုကဲ့သို့ တပြည်နယ်လုံးအတိုင်းအတာဖြင့် Total Lockdown ချမှတ်လိုက်ရခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ယနေ့ (မေလ ၈ ရက်နေ့) မနက်က မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် တစ်ရက်အတွင်း ၂၃၅ ဦးရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် တစ်ရက်ကို ပျမ်းမျှအားဖြင့် လူနာသစ် ၁၀၀ မှ ၂၀၀ အကြား နေ့စဉ်ပုံမှန်ရှိနေကြောင်း သိရသည်။

မေလ ၈ ရက်နေ့မနက် ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုသဆဲလူနာ ၁၉၀၆ ဦးရှိနေကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇ ဦး ရှိသွားပြီဖြစ်သည်ဟု ဖော်ပြထားသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...