အာဏာသိမ်းစစ်ကောင်စီမှ ဟားခါး ခရိုင်အမျိုးသမီးကော်မတီဖွဲ့စည်းပြီး အဖွဲ့ဝင်များအား အတင်းခန့်အပ်

အာဏာသိမ်းစစ်ကောင်စီမှ ဟားခါး ခရိုင်အမျိုးသမီးကော်မတီဖွဲ့စည်းပြီး အဖွဲ့ဝင်များအား အတင်းခန့်အပ်

ချင်းပြည်နယ်၊ ဟားခါး ခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌမှ အဖွဲ့ဝင် (၁၉) ဦးပါဝင်သည့် ဟားခါး ခရိုင်အမျိုးသမီးကော်မတီဖွဲ့စည်းပြီး အဖွဲ့ဝင်အများစုမှာ ၎င်းတို့အား တစ်စုံတစ်ရာအသိပေးခြင်းမရှိပဲ အတင်းခန့်အပ်ခြင်းဖြစ်ကြောင်း ခန့်အပ်ခံရသည့် အဖွဲ့ဝင်အချို့ထံမှ သိရသည်။

ဟားခါး ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌမှ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဟားခါး ခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း အဖွဲ့ဝင်များထံသို့ မေလ ၄ ရက်နေ့တွင် စာရောက်ရှိလာကြောင်း သိရသည်။

“အဲဒီအဖွဲ့ထဲမှာပါတာက ကျမကို Youth Corner အဖွဲ့ ကိုယ်စားပြုအနေနဲ့တွေ့ရတယ်၊ ဒါကလည်း သူတို့စာပေးလာမှသိရတယ်၊ လက်ခံဖို့လည်းမရှိဘူး၊ အဲဒီကြားထဲ နာမည်ရေးတာလည်း မမှန်ပြန်ဘူး၊ ကျမအထင်တော့ Youth Corner အနေနဲ့ အသင်းမှတ်ပုံတင်ထားတာရှိတယ်၊ အဲဒီကနေ သူတို့ဟာသူတို့ ထည့်လိုက်တာလို့ထင်တယ်၊ သူတို့ထည့်တာလည်း မသိဘူး၊ လက်ခံဖို့လည်း မရှိဘူး” ဟု ခန့်အပ်ခံရသည့်အဖွဲ့အစည်းတွင် နာမည်ပါလာသည့် Velpi မှပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဖွဲ့စည်းလိုက်သည့် ဟာခါး ခရိုင်အမျိုးသမီးကော်မတီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးမှ ဥက္ကဌတာဝန်ယူထားပြီး ဌာနဆိုင်ရာအသီးသီးမှ ခရိုင်အရာရှိများအပြင် ဟားခါးခရိုင်အတွင်းမှ အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အဖွဲ့ဝင်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါအမျိုးသမီးအဖွဲ့တွင် ပါဝင်သူ အခြားတစ်ဦးမှ “ကျနော်လည်း မနေ့ညက စာရတော့ အရမ်းအံဩတယ်၊ အကြောင်းလည်းမကြားထားဘူး၊ သူတို့အစည်းအဝေးကို ဧပြီ ၂၄ ရက်က လုပ်တယ်ထင်တယ်၊ အဲဒါလည်းမသိဘူး၊ စာကလည်း မနေ့ကမှရတယ်၊ ဖုန်လည်းမဆက်ဘူး၊ ဒီလိုထည့်မယ်ဆိုတာလည်း ဘာမှပြောဘူး၊ ကျနော်အနေနဲ့ ပါဝင်နိုင်မှာလည်းမဟုတ်ဘူး” ဟု ပြောသည်။

ထို့ပြင် ဟားခါး ခရိုင်အမျိုးသမီးကော်မတီတွင် အမည်စာရင်းပါလာသည့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့မှလည်း ၎င်းတို့အနေဖြင့် မအားသဖြင့် အဆိုပါအဖွဲ့တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း လှောင်ပြောင်ရေးသားထားကြသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...