Published
Tuesday, April 20, 2021
တောင်ကြီးတွင်အရင်ထက် စစ်ကောင်စီတပ်တွေ ပြည်သူကိုစစ်မေးမြန်းပြီး လက်ကိုင်ဖုန်းစစ်ရုံသာမက ငွေပါတောင်းခံ (ဧပြီလ ၂၀၊ ၂၀၂၁)
ဒီနှစ်သင်္ကြန်မှာ ရေမကစားဖို့အတွက် ပင်လုံမြို့လူငယ်တွေက လမ်းမပေါ်မှာစာရွက်တွေကပ်ပြီး တိုက်တွန်းထားပါတယ်။
တောင်ကြီးမြို့အတွင်း အရင်ကထက် စစ်ကောင်စီရဲ့ ရဲနဲ့ စစ်သားတွေက ပြည်သူတွေကို စစ်ဆေးမေးမြန်းပြီး လက်ကိုင်ဖုန်းတွေကိုစစ်ရုံသာမက ငွေကြေးတွေပါတောင်းခံနေပါတယ်။
နိုင်ငံရေးတွေပိုမိုရှုပ်ထွေးလာတာကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ပြည်သူတွေ ပိုမိုပြီးတော့ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။






