ရွှေကူ မြို့နယ် ရဲစခန်းကို KIA တိုက်ခိုက်ဖျက်စီး

ရွှေကူ မြို့နယ် ရဲစခန်းကို KIA တိုက်ခိုက်ဖျက်စီး

ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အာဏာသိမ်းစစ်တပ်အောက် ကျောက်ကြီး ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက် ၃ နာရီအချိန်တွင် တိုက်ခိုက်ကာ ဖျက်စီးပေးလိုက်သည်ဟု သိရသည်။

“တိုက်ပွဲ ဖြစ်တာတော့သေချာတယ်။ အိပ်လို့တောင်မရဘူး။ အစတုန်းကတော့ မိုးခြိမ်းသံလို့ဘဲထင်နေတယ်။ ၄နာရီခွဲလောက်မှာပြန်တိတ်သွားတယ်။ အခုချိန်ထိတော့ ဘာသံမှမကြားရသေးဘူး”ဟု ရွှေကူဒေသခံတစ်ဦးထံမှသိရသည်။

စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူလူထုကို ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမှူးအပါအဝင် ရဲ ၂ ဦးကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နံနက်ကလည်း ဖားကန့်မြို့အတွင်း ရဲတပ်ရင်းစခန်းများကို KIA က တိုက်ခိုက်ခဲ့သဖြင့် ရဲအင်အား ၃၀ ခန့် ကျဆုံးသွားကြောင်း သိရသည်။

June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...
June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...