ဖားကန့်တွင် တိုက်ပွဲများဖြစ်၊ အာဏာသိမ်းကောင်စီက လေယာဉ်ဖြင့်တိုက်

ဖားကန့်တွင် တိုက်ပွဲများဖြစ်၊ အာဏာသိမ်းကောင်စီက လေယာဉ်ဖြင့်တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီ တပ်က ဝေ ဟင် ထိုးစစ်များဖြင့် တိုက်ခိုက်မှုများရှိနေသည်ဟု သိရသည်။

ဖားကန့်မြို့ ၊ တောမှော်-လုံးခင်းကျေးရွာအုပ်စုထဲရှိ ဖဝါကျေးရွာ၊ ကထန်ယန်ရွာကျေးရွာအနီး အနီးတဝိုက် မတ် လ ၂၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ် ပွားနေသည်ဟု ဒေသခံများက ပြောသည်။

“ကထန်ယန်ရွာ၊ မဇွပ်ယန်ရယ်၊ ဆန်ခါ၊ ဖဝါ တစ်ဝိုက် အဲ့နားမှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က လက်နက် ကြီးနဲ့ ဆယ်ကြိမ်မကဘူး ပစ်တယ်။ ဒီမနက်မှ တိုက်ပွဲရပ်သွားတာ။ တိုက်ပွဲရပ်တာနဲ့ ၆ နာရီခွဲ လောက်မှာ ဟာလီကော်ပတာပေါ့။ လေယာဉ်နှစ်စီးနဲ့ တော်မှော်ဖက်ကို လာရောက်ပစ်ခတ်ပြီးမှ ပြန်သွားတာ။” ဟု ဖားကန့် ဒေသခံတစ်ဦး က ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ယနေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်က စတင်ပြီး နံနက် ၆ နာရီအထိ တိုက်ပွဲများ ဖြစ် ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အခြား အတည်မပြုရသေးသော သတင်းများအရ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များက ယနေ့ နံနက် အစောပိုင်းတွင် တပ်စခန်း တစ်ခုနှင့် ရဲစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အပြန်အလှန်အားဖြင့် အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ရှိနေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည့် အနီးအနား ကျေးရွာ အချို့ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“ဖဝါကျေးရွာက လူတွေ ထွက်ပြေးနေကြရတယ်။ အိမ်ထောင်စု ၂၀ ကျော် ၃၀ လောက်တော့ လုံးခင်း ကချင်နှစ်ခြင်းဘုရားကျောင်းကို ရောက်လာကြပြီ။ မရောက်လာသေးတာတွေလည်း ရှိတယ်။ ဖားကန့် မြို့နယ်၊ လုံးခင်းအုပ်စု၊ ဖဝါကျေးရွာမှာဖြစ်တာပါ။ တောက်ပကြယ် ကုမ္ပဏီမှာလည်း ပစ်ခတ်မှု ဖြစ်တယ် လို့ ပြောတယ်” ဟု လုံးခင်း ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဖဝါကျေးရွာရှိ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟုလည်း လုံးခင်းဒေသခံတစ်ဦး က ဆက်ပြောသည်။

“လက်နက်ကြီးတွေလည်း ဒီနေ့မနက်ပေါ့ ၃ နာရီလောက်ကမှာ ဘုရားကျောင်းနားက ရဲစခန်းကို သွားပစ် တယ်။ လေးယောက်လောက်ကတော့ လွတ်သွားတယ်လို့ ပြောတယ်။ ကျန်တဲ့ရဲတွေ အကုန်ကျတယ်လို့ ပြောတယ်။ ဒီကျနော်တို့ ဖာဝါကျေးရွာပေါ့၊ အဲ့ဒီက ရဲစခန်း ကို KIA က သွားပစ်တာပါ။ KIA ဘက်က လည်း တစ်ယောက်ကျတယ်လို့တော့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး” ဟု အဆိုပါ လုံးခင်း ဒေသခံ က ဆက်ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူဖော်ရေးကုမ္ပဏီများတွင်းရှိ အစောင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း KIA တပ်က ဝင်ရောက်ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်း၊ ဝေဟင်ထိုးစစ်ဆင်ခြင်းများကြောင့် ဒေသခံပြည်သူ ထိခိုက် သေဆုံးမှုများ ရှိသည်ဟု ဒေသခံများက ပြောဆိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၁၁ နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ် ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...