ရက္ခိုင်ကျောင်းသားများသမဂ္ဂ(၁၁)ဖွဲ့ မှ နွေဦးတော်လှန်ရေးနှင့် တစ်သားတည်း ရပ်တည်မည်ဟုထုတ်ပြန်

ရက္ခိုင်ကျောင်းသားများသမဂ္ဂ(၁၁)ဖွဲ့ မှ နွေဦးတော်လှန်ရေးနှင့် တစ်သားတည်း ရပ်တည်မည်ဟုထုတ်ပြန်

ချစ်အိလှိုင် - ရက္ခိုင်ကျောင်းသားသမဂ္ဂများမှ နွေဦးတော်လှန်ရေးနှင့်တစ်သားတည်း ရပ်တည်မည်ဟု ယမန်နေ့ မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

 ရခိုင်ပြည်နယ်တွင် စစ်ပွဲဒဏ် ခံစားခဲ့ရစဉ်က ရန်ကုန်အပါအဝင် ဒေသအချို့မှ ကျောင်းသားများမှာ ရက္ခိုင်ကျောင်းသားများနှင့် အတူ ရပ်တည်ခဲ့သည့်အတွက် ယခုအချိန်တွင် ၄င်းတို့နှင့်အတူ တစ်သားတည်းရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတိုးတိုးအောင်ကပြောသည်။

“အစကတည်းကလည်း အာဏာရှင်စနစ်ကို ကန့်ကွက်ကြောင်းလည်း ကျွန်တော်တို့ ထုတ်ပြန်ခဲ့တယ်။ ပြည်သူတွေသေနေတဲ့အပေါ်မှာ လုံးဝကြီးကို ကန့်ကွက်တာဖြစ်တယ်။ ထပ်ပြီးတော့ မဖိနှိပ်ဖို့ပေါ့။ ကျွန်တော်တို့ကို တစ်ချိန်က ဝိုင်းရံပေးခဲ့တဲ့ မဟာမိတ်တွေအတွက် ပြန်ပြီးဝိုင်းရံ ပေးတာဖြစ်တယ်။ ပိုပြီးတော့ အများကြီးလုပ်ပေးချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ရုန်းကန်နေရတဲ့ အခြေနေတစ်ခု ရောက်နေတဲ့အတွက် တတ်နို်င်တဲ့ဖက်က လုပ်ပေးတာပါ” ဟုပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကို ဖီဆန်တော်လှန်နေကြသည့် ကျောင်းသား၊ ပြည်သူတို့၏ စွန့်လွှတ် အနစ်နာခံစိတ်နှင့် ရဲဝံ့မှုကို မိမိတို့ ရက္ခိုင်ကျောင်းသား သမဂ္ဂများ အနေဖြင့် အလေးအနက်အသိအမှတ်ပြုကြောင်း၊ “ နွေဦးတော်လှန်ရေး” တွင် ပါဝင်တိုက်ပွဲ ဝင်နေကြသော ကျောင်းသားပြည်သူများနှင့်အတူ မိမိတို့ ရက္ခိုင်ကျောင်းသားသမဂ္ဂများအနေဖြင့် တစ်သားတည်း ရပ်တည် ကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်” ဟုပါရှိသည်။

၄င်းတို့နှင့်အလားတူ ယမန်နေ့ မတ်လ ၂၁ ရက်နေ့က ရခိုင်အရပ်ဖက်အဖွဲ့အစည်း(၇၇)ဖွဲ့ကလည်း  အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ရန် သဘောထားထုတ်ပြန်ခဲ့ကြသည်။

August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...