Published
Sunday, March 21, 2021
စစ်အာဏာရှင်က မြစ်ဆုံစီမံကိန်းကိုပြန်အသက်သွင်းမှာစိုးရိမ်၍ စီမံကိန်းထာဝရဖျက်သိမ်းဖို့ ပြည်သူတွေဆန္ဒပြ (မတ်လ ၂၀၊ ၂၀၂၁)
လက်ရှိနိုင်ငံရေး ကြားကာလအခြေအနေမှာ CRPH နဲ့ဆွေးနွေးဖို့အတွက် ကချင်၊ ရှမ်းမြောက်ဒေသနဲ့ ပြည်ပရောက်ကချင်အဖွဲ့အစည်းတချို့ပါဝင်တဲ့ ကချင်အမျိုးသားနိုင်ငံရေးညှိနှိုင်းရေးအဖွဲ့-KPICT ကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။
စစ်အာဏာရှင်ကြောင့် မြစ်ဆုံစီမံကိန်းပြန်လည်အသက်သွင်းလာမှာကို စိုးရိမ်တာကြောင့် စီမံကိန်း ထာဝရဖျက်သိမ်းပေးဖို့အတွက် ပြည်သူတချို့က ဆန္ဒပြတောင်းဆိုမှုတစ်ခုကို မြစ်ဆုံဒေသမှာ ပြုလုပ်ခဲ့ပါတယ်။
မြစ်ကြီးနားမြို့အနီး အင်ဂျန့်ယန်မြို့နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်လာတာကြောင့် ထွက်ပြေးလာကြတဲ့ စစ်ရှောင်ပြည်သူတွေ သူတို့ရဲ့ မူလ ပလနစစ်ရှောင်စခန်းကို ပြန်လည်ရောက်ရှိလာကြပါတယ်။






