CDM မှာ ပါဝင်တဲ့ ချင်းပြည်နယ် မြို့နယ်တချို့က ထွေအုပ်ဝန်ထမ်း ၁၀၀ ကျော် တာဝန်ကနေ ယာယီ ရပ်ဆိုင်းခံရ

CDM မှာ ပါဝင်တဲ့ ချင်းပြည်နယ် မြို့နယ်တချို့က ထွေအုပ်ဝန်ထမ်း ၁၀၀ ကျော် တာဝန်ကနေ ယာယီ ရပ်ဆိုင်းခံရ

ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေ အများစုနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒဖော်ထုတ်မှု အရှိန်အဟုန်မြင့်တက်လာနေပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့ပြည်သူတွေကို မျက်ရည်ယိုဗုံးတွေအပြင် ကျည်ဆံအစစ်နဲ့ ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူနဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် နယ်စပ်ကနေတစ်ဆင့် အန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံသားတွေ ထွက်ပြေးတိမ်းရှောင်လာတယ်ဆိုရင် မီဇိုရမ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇီုးရမ်းထန်းငါ က ပြောဆိုလိုက်ပါတယ်။

တပ်မတော်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြတဲ့ ချင်းပြည်နယ်မြို့နယ်တချို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်း ၁၀၀ ကျော်ကို တာဝန်ကနေ ယာယီ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

May 20, 2026
- ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘတချို့ မိမိတို့သားသမီးတွေ...
May 20, 2026
- ဆေးပေးခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း နေရာရွှေ့ပြောင်းသွားတဲ့ ပလောတပို့...
May 19, 2026
- ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေ...
May 19, 2026
- ကျောက်မဲမြို့နယ်မှာ မိုင်းနဲ့စစ်ကျန်လက်နက်ပစ္စည်းတွေ အများအပြားကျန်ရှိနေပြီး သွားရောက်...