အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့များ တရားမဝင်ကြောင်း ပြည်ထောင်စု အစိုးရ ပြော

အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့များ တရားမဝင်ကြောင်း ပြည်ထောင်စု အစိုးရ ပြော

အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့အစည်းများအားလုံးသည် တရားမဝင်ကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးမှ ထုတ်ပြန်ပြောဆိုလိုက်သည်။

မတ်လ ၃ ရက်(ယနေ့) တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ခေတ္တပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ် မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် “စစ်အာဏာသိမ်း အကြမ်းဖက်အုပ်စု၏ အုပ်ချုပ်ရေး အာဏာများသည် တရားဝင်မှုမရှိသဖြင့် ၎င်းက ခန့်အပ် ဖွဲ့စည်းသော အုပ်ချုပ်ရေး အဖွဲ့အစည်းအားလုံးကို တရားမဝင်ကြောင်း ကြေညာလိုက်သည်” ဟု ဆိုသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ က ဖေဖော်ဝါရီလ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်နှင့်အညီ ဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ကို တရားဝင် ဒေသန္တရ အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးခွင့်ရှိသော အဖွဲ့များအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက အတည်ပြုလိုက်သည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန် အ တွက် လိုက်နာလုပ်ဆောင်ရမည် လုပ်ငန်းစဉ်များကိုလည်း ခေတ္တပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

အဆိုပါ လုပ်ဆောင်ရမည့် အချက်များမှာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းရန် ကျန်ရှိနေသော ဒေသများ တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ၂၀၂၀၁ ခုနှစ် မတ်လ ၁၀ ရက်နေ့ နောက် ဆုံးထား၍ ဖွဲ့စည်းရန်၊ စစ်အာဏာသိမ်း အကြမ်းဖက် အုပ်စုက ခန့်အပ်သော အုပ်ချုပ်ရေးမှူးများ အပါအဝင် မည့်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်း၏ အုပ်ချုပ်မှုကို လက်မခံဘဲ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် ဒီမိုကရေစီလိုလားသော ရပ်မိရပ်ဖများ၊ Civil Disobedience Movement (CDM) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၏ ပေါင်းစပ်အင်အားဖြင့် လွှဲပြောင်း ရယူဆောင်ရွက်ကြ ရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များသည် လတ်တလောကာလ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် ပါ လုပ်ငန်းတာဝန်များကို စုပေါင်းအင်အား ဖြင့် ညီညွှတ်စွာ စီမံဆောင်ရွက် ကြရန်နှင့် အရေးအပေါ် ဆောင် ရွက်ရန် လိုအပ်သော လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနက ချိတ် ဆက်ညွှန်ကြားသွားမည်ဟု ပြောဆိုထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော အမိန့်၊ အမိန့်ကြေညာစာနှင့် ညွှန်ကြားချက် များကို ဆက်လက် ထုတ်ပြန်သွားမည်ဟု သိရသည်။

မတ်လ ၃ ရက်နေ့ (ယမန်နေ့) က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က နိုင်ငံတော် အစိုး ရ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ ဝန်ကြီး ဌာန အသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ခေတ္တပြည်ထောင်စုဝန်ကြီးများမှာ ဒေါ်ဇင်မာအောင် ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဦးလွင်ကိုလတ် ကို သမ္မတ ရုံးဝန်ကြီး ဌာန ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင် ကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တို့ဖြစ်သည်။

CRPH မှ ခေတ္တပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးအပ်လိုက်သည့် နောက်တစ်ရက် မတ်လ ၃ ရက်နေ့တွင် ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့အ စည်းများအားလုံးသည် တရားမဝင်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...