အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅(ခ) နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဖြင့် တရားထပ်စွဲ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅(ခ) နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဖြင့် တရားထပ်စွဲ

ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်ပြုလုပ်သည်ဟုဆိုကာ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅ (ခ) နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း တရားရုံးအတွင်းသို့ ရောက်ရှိနေသူများထံက သိရသည်။

အမှုကို ၁၅ ရက်နေ့ ကိုထပ်မံချိန်းဆိုထားကြောင်းသိရသည်။

ထို့အပြင် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ကိုလည်း ပုဒ်မ ၅၀၅ ( ခ) ဖြင့် ယနေ့တွင် တရားစွဲခဲ့ကြောင်း သိရသည်။

ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ တရားခွင်တွေကို ဖွင့်ထားပေမယ့် တရားအနီးကို ရှေ့နေတွေကို ဝင်ခွင့်မပေးဘဲ အရပ်ဝတ်နဲ့ လူတစ်ယောက်ကို ဝင်ခွင့်ပေးထားတာ တွေ့ရတယ်' လို့ တရားရုံးထဲရောက်နေတဲ့ ရှေ့နေတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅နဲ့ တရားစွဲထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နှင့် သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါ်တာမျိုးအောင်တို့ကို ဗီဒီယို ကွန်ဖရန်ဆင်းစနစ်ဖြင့် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...