ချင်းပြည်နယ်အတွင်းက စစ်ကောင်စီဖမ်းဆီးမှုခံထားရသူကို ရွှေဝါရောင်ကွန်ယက်က ထောက်ပံ့

ချင်းပြည်နယ်အတွင်းက စစ်ကောင်စီဖမ်းဆီးမှုခံထားရသူကို ရွှေဝါရောင်ကွန်ယက်က ထောက်ပံ့

တပ်မတော်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်းမှာ ဖမ်းဆီးခံထားရသူ ၅၀ ကျော်ရှိသည့်အနက် ၄ ဦး၏ မိသားစုဝင်များကို ရွှေဝါရောင်ကွန်ယက်က စားနပ်ရိက္ခာတချို့ထောက်ပံ့ပေးလျက်ရှိကြောင်း ရွှေဝါရောင် ကွန်ယက်က ဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် လူ ၅၀ ဦးအနက် ချင်းပြည်နယ်၊ တီးတိန်မြို ့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများဖြစ်သည့် ဦးဆွင်းခန့်ခမ်း၊ ဒေါ်ဒိမ်ဆန်းကိမ်၊ တွန်းဇံမြို့နယ်မှ ဦးတွာလ်လျန်းထန်၊ ဦးထန်ဟောက်လန့်တို့ လေးဦး၏ မိသားစုဝင်များကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ရွှေဝါရောင်ကွန်ယက်မှ စာနပ်ရိက္ခာတချို့ထောက်ပံ့ပေးခဲ့သည်။

ရွှေဝါရောင်ကွန်ယက်မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုဒဲရစ်က “ မြန်မာပြည် တစ်ဝန်းမှာ နေ့စဉ်နဲ့အမျှ အဖမ်းဆီးခံနေရသူ တွေ မြင့်တက်လျက်ရှိနေတာဟာ စိုးရိမ်ဖွယ် ဖြစ်တဲ့ အတွက် လူထုနဲ့ဝန်ထမ်းတွေ သပိတ်တိုက်ပွဲ အရှိန် အဟုန်မြှင့်ဖို့ လိုအပ်နေပါတယ်။ ဒါအပြင် တစ်ဖက်မှာလည်း လိုအပ်တဲ့ အကူအညီတွေကို လူထုက ပေးစေ ချင်ပါတယ်။ ပြည်သူလူထုက ဒီတိုက်ပွဲကို စိတ်မာန်အပြည့်နဲ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်”ဟု ပြော သည်။

အထက်ပါ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ရွှေဝါရောင်ကွန်ယက်က ပေးအပ်ရာမှာ ဆန်၊ဆီ၊ဆား အခြေခံများ ပါဝင်သလို ချင်းရိုးရာနှစ်သိမ့်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဖမ်းဆီးခံရသူ ၅၀ ဦးရှိကြောင်း၊ ဖမ်းဆီးခံရသူများမှာ နိုင်ငံရေးအရ ဖမ်းဆီးခံရသူများ ပါဝင်ကြသလို CDM လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူများလည်း ပါဝင်ကြသည်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...