Published
Saturday, February 27, 2021
ထန်တလန်မြို့နယ်မှာ ဆန္ဒဖော်ထုတ်မှုတွေမှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို တာဝန်ကနေရပ်ဆိုင်းထား
ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ဆန္ဒဖော်ထုတ်မှုတွေမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို တာဝန်ကနေ ရပ်ဆိုင်းတာတွေရှိနေတယ်လို့ အစိုးရဝန်ထမ်းတွေဆီကနေ သိရပါတယ်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ချင်းလူမျိုးတွေလည်း တက်တက်ကြွကြွ ပါဝင်သင့်တယ်လို့ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့သူက ပြောပါတယ်။






