Published
Saturday, February 27, 2021
ပူတာအိုမြို့နယ် ပထမဆုံးသပိတ်စစ်ကြောင်းမှာပါဝင်ပြီး ဖမ်းဆီးခံရတဲ့လူငယ် ၅ ဦးကို ပြန်လွှတ်ပေးဖို့တောင်းဆို (ဖေဖော်ဝါရီလ ၂၇၊ ၂၀၂၁)
ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်နေ့တိုင်း ပုံမှန်ရှိနေပါတယ်။
မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ပြုလုပ်တဲ့ ပူတာအိုမြို့နယ်က ပထမဆုံးသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့လူငယ် ၅ ဦးကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ကချင်လူမျိုးတွေရှိတဲ့နေရာတိုင်းလိုလို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုသပိတ်မှောက်မှုတွေ ပြုလုပ်နေပြီး တောင်းဆိုသံကတော့ ၂၀၀၈ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ပေါ်လာရေးဖြစ်တယ်လို့ ပြောပါတယ်။






