ကော်မရှင် အသစ် တွေ့ဆုံပွဲ MUP တက်ရောက်မည်

ကော်မရှင် အသစ် တွေ့ဆုံပွဲ MUP တက်ရောက်မည်

အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်း အဝေးသို့ မွန်ညီညွတ်ရေးပါတီ တက်ရောက်မည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲကို ပါတီ ဥက္ကဌ/အတွင်း ရေးမှူး သို့မဟုတ် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး တက်ရောက်ရန် ဖိတ်ကြားထားသည်။

“ကျနော်တို့ ပါတီကတော့ တက်မယ်။ ဒါပေမယ့် ဘယ်သူ့ကို တက်ခိုင်းမလဲဆိုတာကိုတော့ မရွေးရသေးဘူး” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်တလညီ က ပြောသည်။

ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လိုသည့် ရည်ရွယ် ချက်ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် မွန်ညီညွတ်ရေးပါတီက ဆုံးဖြတ်ထားသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည်  ပြည်သူ အကြား ဝေဖန်ပြောဆိုခံနေရသည့်အပြင် ပါတီအတွင်း၌လည်း သဘောထားကွဲလွဲနေပြီး အဆိုပါကိစ္စကို လက်မ ခံသည့် ပါတီဝင်တချို့ကလည်း နှုတ်ထွက်ကြသည်။

အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးတွင် ကျင်းပသွားမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ တက်ရောက်မည့်ပါတီများ ရှိ သလို မတက်ရောက်သည့်ပါတီလည်း ရှိလာနိုင်သည်။

NLD ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ (ယနေ့) တွင် ကျင်းပသည့် ရန်ကုန်ရုံးချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

မွန်ညီညွတ်ရေးပါတီ MUP သည် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP စသည့် ပါတီ ၅ ပါတီနှင့်အတူ  ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲခြင်း၊ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်နိုင်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေး နေကြသည့် ပါတီဖြစ်သည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅ ပါတီထဲက MUP ပါတီ၊ KNDP ပါတီ၊ KSPP ပါတီတို့သည် တပ်မတော်မှ အာဏာ သိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် ဆုံးဖြတ် ထားသည့် ပါတီများ ဖြစ်ကြသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD ကို အဆိုကိစ္စနှင့်ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...