လက်ရှိ ကာလတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်း ထားမည်ဟု အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောသည်။
ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အွန်လိုင်း အထူးအစည်းအဝေးမှ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က “ဒီလိုအခြေအနေ မျိုးအောက်မှာ ကျ နော်တို့ ဒီလိုနိုင်ငံရေး ဆွေးနွေး ပွဲမျိုးက အဲဒီစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ဆိုတာကို လမ်းကို မရှိပါဘူး။ ဒီအ ချိန်ဒီကာလမျိုးမှာ” ဟု ပြောသည်။
“ကျနော်တို့မှာ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့အခါမှာ အစုအဖွဲ့ တွေ ရှိပါတယ်ဗျာ။ အဲဒီအစုအဖွဲ့တွေထဲမှာ ရှင်းရှင်းလင်းလင်း မြင်ရဖို့ဆိုရင် တပ်မတော်ရှိတယ်။ အစိုးရရှိ တယ်လေ အစိုးရ လွှတ်တော်တွေရှိတယ်။ ဒီနေ့ဒီကာလမှာ အားလုံးသိကြတဲ့အတိုင်းပဲ အဲဒီအစုအဖွဲ့တွေက မရှိဘူးလေ မရှိတော့ ဘာဖြစ်သွားလဲ အဲဒီအစုအဖွဲ့က မရှိတဲ့နေရာမှာ ဘယ်လို အလုပ်ခံရသလဲဆိုတော့ ဒီလိုမျိုး ဖြစ်နေတဲ့ အချိန်မှာ ကျတော့ ကျနော်တို့တွေက အဲဒီ ပဲ့ထွက်နေတဲ့အပိုင်းတွေ အစိတ်အပိုင်းတွေ မစုံညီတဲ့ဟာတစ်ခုကို ကျနော်တို့ ဆက်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။” ဟု ပြောသည်။
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ ယနေ့ နိဂုံးချုပ်ချုပ် မိန့်ခွန်းတွင်လည်း “လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေ စီရရှိရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးစတဲ့ ပန်းတိုင်ရောက်ရှိဖို့ အခုလိုကာလမှာ ရှေ့ခရီးလမ်းဟာ ခက်ခဲ ကြမ်းတမ်းမှာ ဖြစ်လို့ မိမိတို့ NCA-EAO တွေအနေနဲ့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနဲ့ တစုတစည်း တည်း လက်တွဲပူးပေါင်းချီတက် အရောက်လှမ်းသွားကြပါလို့ ပြောကြားလိုပါတယ်” ဟု ထည့်သွင်း ပြော ကြား ထားသည်။
တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေး နိုင်ရန်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့ကို ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့မှ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းလာပါက ထည်သွင်းစဉ်းစားမည် မဟုတ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ပဒိုစော တောနီး က ဆက်ပြောသည်။
၎င်းက “အဲဒီကိစ္စကတော့ သူ့ဖက်ကတော့ သူ လုပ်ရမယ့်အပိုင်းဆိုတာက ဘာဖြစ်လို့လဲဆိုတော့ ဒီ NCA စာချုပ်ဟာ သူလည်း ပျက်တယ်လို့ သူမပြောဘူးလေ ကျနော်တို့ကလည်း ဖျက်တယ်လို့ မပြောဘူး။ သို့ သော် ငြားလည်းပဲ ခုနကအတိုင်း သူတို့ ဘယ်လိုပဲ တောင်းဆို တောင်းဆို ဘယ်လိုပဲ အဆိုပြုပြုပေါ့လေ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ် ခုနက ကျနော်ပြောတဲ့အတိုင်းပါပဲ ဒီလိုပဲ့ထွက်နေတဲ့ အစိတ်အပိုင်း တစ်ခုက ကျနော် တို့ ဘယ်လိုမှ လုပ်လို့မရဘူး။ ရှင်းရှင်းပြောရရင် တရားဝင်တဲ့ အစိုးရ တစ်ရပ်တော့ ရှိဖို့လိုတယ်။ ဘာဖြစ်လို့လည်း ကျနော်တို့ တရားဝင်တဲ့ အစိုးရမကဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စာချုပ်ချုပ်ဆို က တည်းက အဲဒါ Legitimacy ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကလည်း Legitimacy ရှိတယ်။ NCA စာချုပ်အရ ဆိုတော့က ဒီအခြေအနေမျိုးပေါ်မှာ ဒီလိုအာ ဏာ သိမ်းလိုက်တဲ့အခါမှာ ဒီလိုမျိုးက ကျနော်တို့က ဘယ်လိုမှ Legitimacy လို့ လက်ခံလို့ မရဖြစ်နေသလို တစ် ကမ္ဘာ လုံးကလည်း လက်မခံပါဘူး။ အဲဒါကြောင့်မို့လို့ ဘယ်လိုပဲ တောင်းဆို တောင်းဆို ဘယ်လိုပဲ အဆိုပြုပြု ဒါတွေက ကျနော်တို့ ဒီကာလမှာ စဉ်းစားစရာ မဟုတ်ပါဘူး” ဟု ပြောသည်။
နှစ်ရက်တာ ပြုလုပ်သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင် လက်ရှိ ကာလတွင် အာ ဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားရန် အပါအဝင် အချက် ၅ ချက်ကို ထည့်သွင်းထုတ်ပြန်ထားသည်။
အဆိုပါအချက်များမှာ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် Civil Disobedien ce Movement (CMD) အပါအဝင် လူထုလှုပ်ရှားမှုများ အားလုံးကို အပြည့်အ၀ ထောက်ခံကြောင်းနှင့် ထို လှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ ပံ့ပိုးမှုများအတွက် နည်းလမ်းရှာဖွေ ပံ့ပိုးသွားရန် အပြင် ဖမ်းဆီးထိန်းသိမ်း ထားသူများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်ဟု ဆိုသည်။
ထို့အပြင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုများအား အကြမ်းဖက်သော နည်းလမ်းဖြင့် နိုင်နင်း ခြင်း များကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လက်ရှိ နိုင်ငံရေး ပြဿနာ များကို နည်းလမ်းရှာ ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းအပါအဝင် ပြည်တွင်းပြည်ပ အင်အား စုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST က ပြောသည်။
PPST ၏ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် အထူးအစည်းအဝေးတွင် လူထုရွေးကောက်ခံ အစိုးရ မပေါ်ပေါက် သေးမှီ အာဏာသိမ်းစစ်အစိုးရ အုပ်ချုပ်သည့်ကာလတွင် NCA စာချုပ်၏ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မှုတွေကို ယာယီဆိုင်းငံ့ထားသင့်၊ မထားသင့် တစ်ဖွဲ့ချင်းနှင့် ဆိုင်သည့် နှစ်ဖက်သဘော တူစာချုပ် (Bilateral Agreements) များကို အခြေခံကာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဆက်လက်အကောင် အထည်ဖော်သင့်၊ မဖော်သင့် စသည်များကို ဆွေးနွေညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။
နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်း အထူးအစည်းအဝေးကို အပစ်ရပ် NCA လက်မှတ်ရေးထားကြ သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမို ကရက် တစ်အစည်းအရုံး LDU တို့က ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။







