ပူတာအိုတွင် ဖမ်းခံရသူ ၉ ဦးမှ ၄ ဦးပြန်လွတ်

ပူတာအိုတွင် ဖမ်းခံရသူ ၉ ဦးမှ ၄ ဦးပြန်လွတ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့ က အဖမ်းဆီးခံထားရသူ ၉ ဦးအနက် လေး ပြန်လွှတ်လာပြီဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ (ယမန်)နေ့ ညက ပူတာအိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တဲ့ ဒေသခံ ၉ ဦး ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပူတာအိုက ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်နေသည့် လူငယ်တစ်ဦးက “ဖမ်းဆီးခံရတာက ၉ ယောက်ပေါ့နော်။ ဒီနေ့ ညနေပိုင်းလောက်မှာ ၄ ယောက်က ပြန်လွှတ်လာပါတယ်။ နောက်ထပ် ၅ ယောက်က မနက်ဖြန်မှ ရှေ့နေတွေနဲ့ သွားတွေ့ဖို့လုပ်ထားတယ်။ အချုပ် ထဲမှာ ရှိနေတုန်းပဲ။ ပူတာအိုက ထောင်အချုပ်မှာပါ။ ထောင်ပေါ့နော် အဲ့မှာ ရောက်နေပါတယ်။ ကျနော်တို့ဆီမှာလေ တစ်ရက်မှ လုံခြုံရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တာမျိုးလည်း မရှိပါ ဘူး။ စစ်ကားတွေ ရဲကားတွေ ဒီစစ်သားတွေ ရဲတွေကတော့ လမ်းတွေမှာ ရှိနေတယ်လေ။ ထိပ်တိုက်တားတာမျိုး တွေ့တာမျိုးမရှိခဲ့ဘူး” ဟု ပြောသည်။

ပူတာအိုမြို့က အဖမ်းခံခဲ့ရသည့် လူငယ်များမှာ ကိုလဇွမ်အောင်ဒီး၊ ကိုဆင်ဝါး၊ ကိုမလောင်ဖေနောင်းအောင်၊ ကိုဇန်ထရမ်ဆိန်း၊ ကိုဖုန်ရော့ဖီနန် တို့အပါအဝင် လူငယ် ၉ ဦးကို တပ်မတော်က ယမန်နေ့ ညက ဖမ်းဆီးခေါ် ဆောင်သွား ခြင်းဖြစ်သည်ဟု သိရသည်။

အဖမ်းခံရသူ လူငယ် ၉ ဦးတွင် အမျိုးသမီးလည်း တစ်ဦးကပါဝင်သည်ဟု ဒေသခံများက အတည်ပြုပြောသည်။

ဒေသခံ ကချင်လူငယ် တစ်ဦးကလည်း “အစောပိုင်းပြောတာာတော့ ၅ ဦးပေါ့၊ နောက်ထပ် ၄ ဦးထပ်ပြီး အဖမ်း ခံရတယ်။ အားလုံးပေါင်း ၉ ဦးပါ။ လူငယ်က ၇ ဦးပေါ့၊ လူကြီးတွေလည်းပါတယ်။ သူတို့က ဆန္ဒထုတ်ဖော်ပွဲ ကို ဦးဆောင်တာ မဟုတ်ပါဘူး။ ခေါင်းဆောင်လည်း မရှိဘူး။ အားလုံးက အတူတူ စစ်အာဏာရှင်ကို လက်မခံ နိုင်လို့ ဆန္ဒထုတ်ဖော်ကြတာပါ။ သူတို့ဖမ်းလို့လည်းကျနော်တို့ ဆန္ဒထုတ်ဖော်မှုတွေက မရပ်သွားပါဘူး။ ဒီနေ့ ဆိုရင် ဆိုင်ကယ်တွေနဲ့ မြို့ကိုပတ်ပြီး ဆန္ဒပြကြပါတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ယနေ့တွင်ပြုလုပ်သည့် ပူတာအိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု ကို ဆိုင်ကယ်များဖြင့် လှည့်လည်က သပိတ်ဆင်နွှဲခဲ့ကြသည်။

ယခုရက်ပိုင်းလုပ်နေကြသည့် ပူတာအိုမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု ဆန္ဒထုတ်ဖော်မှုများကို လူငယ် များကသာ အဓိက ဦးဆောင်နေကြခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲများ နှင့် ထိပ်တိုက်တွေ့ခြင်းမျိုး တစ်ခါမျှပင် မရှိခဲ့ပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပူတာအိုမှာက တခြားမြို့တွေနဲ့မတူဘူး။ ဒီမှာ ဆန္ဒပြတဲ့လူတွေ ရမ်းကားတာလည်း မရှိဘူး။ ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြတာပါ။ အဲ့အပေါ်မှာ သူတို့က အခုလိုမျိုး လိုက်ဖမ်းတော့ ကြောက်တယ်ဆိုတာထက် အများပိုင်းက လူငယ်တွေဖြစ်နေတယ်ဆိုတော့လေ အများပိုင်းက လူငယ်တွေဖြစ်နေတော့ ပူတာအိုမှာက ၂ နာရီလောက်ပဲ ဆန္ဒပြကြတာ။ အဲ့လိုဆန္ဒပြခွင့်ရနေရင် စိတ်ထွက်ပေါက်ရတာပေါ့။ အဲ့လိုမျိုး နေ့လည်မှာ ဆန္ဒပြခွင့်မရအောင် ဖမ်းချုပ်တာတွေရှိလာတော့ လူငယ်တွေက ညမှသောင်းကျန်းတာမျိုးတွေဖြစ်လာမှာတော့ စိုးရိမ်တယ်။ ကျန်  တာတော့ အခုလိုအဖမ်းခံရရင်လည်း ဆန္ဒပြတဲ့လူတွေ ပိုပိုပြီးများလာတယ်။ ဒီနေ့လည်း တနေ့လုံး ပတ်ပြီးဆန္ဒ ပြတာမျိုးတွေဖြစ်လာပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်နေသည့် လူငယ်တစ်ဦးက ဆက်ပြောသည်။

ပူတာအိုမြို့တွင် ယခုလ ၈ ရက်နေ့က စတင်ပြီး ဒေသခံလူငယ်များက ဦးဆောင်က စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး၊ စစ်အာဏာသိမ်းမှုကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော်ပွဲများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အဆိုပါ စစ်အာဏာသိမ်းမှုကန့်ကွက်သည့် လူထုဆန္ဒထုတ်ဖော်ပွဲများတွင် ဒေသခံတိုင်းရင်းသားလူငယ်များ၊ CDM လုပ်နေကြသည့် အစိုးရဝန်ထမ်းများနှင့် ရပ်မိရပ်ဖများ ပါဝင်လျှက်ရှိသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...