တပ်မတော်ကအာဏာသိမ်းပြီးနောက် CNFက အိန္ဒိယနိုင်ငံ မီဇိုရမ်မ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းဆို

တပ်မတော်ကအာဏာသိမ်းပြီးနောက် CNFက အိန္ဒိယနိုင်ငံ မီဇိုရမ်မ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းဆို

မြန်မာနိုင်ငံရဲ့ အထင်ကရမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာသလို ချင်းပြည်နယ်နဲ့ ကလေးမြို့မှာလည်း ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က အရပ်သားအစိုးရထံကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းအမျိုးသားတပ်ဦး CNF ကလည်း သူတို့ရဲ့ မိသားစုဝင်တွေကို အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရပ်ပြည်နယ်မှာ နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ တရားဝင် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးတဲရင့်စမွိုင်းနီခွဲ ကွယ်လွန်ပြီးနောက် အဲဒီရာထူးနေရာကို အရင် ဦးသိန်းစိန် အစိုးရလက်ထက် ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးငွန်ဆန်းအောင်ကို ခန့်အပ်လိုက်ပါတယ်။

May 20, 2026
- ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘတချို့ မိမိတို့သားသမီးတွေ...
May 20, 2026
- ဆေးပေးခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း နေရာရွှေ့ပြောင်းသွားတဲ့ ပလောတပို့...
May 19, 2026
- ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေ...
May 19, 2026
- ကျောက်မဲမြို့နယ်မှာ မိုင်းနဲ့စစ်ကျန်လက်နက်ပစ္စည်းတွေ အများအပြားကျန်ရှိနေပြီး သွားရောက်...