တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဒေသခံရွာသား ၂၀၀ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရဟု FBR ထုတ်ပြန်

တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဒေသခံရွာသား ၂၀၀ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရဟု FBR ထုတ်ပြန်

ကရင်ပြည်နယ်မြောက်ပိုင်း၊ ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီးငယ် ပစ်ခတ်မှုကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နောက်ထပ် ဒေသခံ ၂၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့ကိုကူညီစောင့်ရှောက်ပေးနေသည့် Free Burma Ranger (FBR) အဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်မှ ဖေဖော်ဝါရီလ ၁၄ရက်နေ့ညမှစ၍ ၁၅ ရက်နေ့အထိ လူသောမြို့နယ်၊ တကောဒို့ဘောကျေးရွာ အတွင်းသို့ လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ကျေးရွာသား ၂၁၂ ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု FBR ကဆိုသည်။

လက်ရှိတွင် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံ စစ်ဘေးရှောင်များနှင့်အတူ FBR ၏ ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ အတူရှိနေပြီး လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၅,၃၀၀ ကျော် ရှိနေကြောင်းလည်း FBR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်အနေဖြင့် လက်ရှိတွင် မြို့ပေါ်ဒေသများတွင် ၎င်းနှင့် အမြင်သဘောထား မတူညီသူများကို ဖြိုခွဲရန် ကြိုးစားနေသလို တိုင်းရင်းသားလူမျိုးစုများ နေထိုင်နေကြသည့် တောင်ပေါ်ဒေသများကိုလည်း ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြကြောင်းလည်း FBR က ဆိုသည်။

ယခင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်နှင့် ကျောက်ကြီးဒေသတွင် မြန်မာစစ်တပ်နှင့် KNU အောက်ခြေတပ်ဖွဲ့ဝင်များအကြား နယ်မြေကျော်လွန်လှုပ်ရှားမှုများ၊ လမ်းဖောက်လုပ်မှု စသည့် အကြောင်းပြချက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း ပစ်ခတ်မှုများ ရှိနေသေးကြောင်း KNU ဘက်က ဆိုသည်။

၎င်းပစ်ခတ်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသူများအတွက် ပြည်တွင်း ပြည်ပမှ ဒေသနိုင်ငံ အသီးသီး ရောက် ကရင်လူမျိုးများ၊ အခြားတိုင်းရင်းသားလူမျိုးများ၏ စုပေါင်း ငွေကြေးထည့်ဝင်မှုများနှင့် အစားအ သောက်အဝတ်အထည်စသည့် ပစ္စည်းများကို ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကျောက်ကြီးဒေသသို့ ကရင်လူ ငယ်များမှ ပို့ဆောင်ပေးပြီးဖြစ်သော်လည်း တပ်မတော်၏ လမ်းပိတ်ဆို့ထားမှုများကြောင့် သက်ဆိုင်ရာ စစ်ဘေး ရှောင်ပြည်သူများထံသို့ မရောက်ရှိသေးကြောင်းသိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...