မယ်လ ဒုက္ခသည်စခန်း မီးလောင်မှု နေအိမ် ၈၀ ကျော် ပျက်စီး

မယ်လ ဒုက္ခသည်စခန်း မီးလောင်မှု နေအိမ် ၈၀ ကျော် ပျက်စီး

ယမန်နေ့ည ၉ နာရီကျော်က ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းတွင်း မီးလောင်မှုတွင် နေအိမ် ၈၀ ကျော် ပျက်စီးသွားခဲ့ကြောင်း စခန်းတွင် နေထိုင်သူများက ကေအိုင်စီသို့ ပြောသည်။

မယ်လ ဒုက္ခသည်စခန်းတွင် ရပ်ကွက် C3A တွင် ယမန်နေ့ညက နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ရာတွင် နေအိမ် ၅၁ လုံး မီးစွဲလောင်ကျွမ်းခဲ့ကာ ၃၆ လုံး ဖျက်ဆီးခဲ့ရပြီး နေအိမ်ပျက်စီးသွားသူ အိမ်ထောင်စု ဦးရေမှာ ၄၆၉ ဦး ရှိသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

၎င်းက “မီးလောင်ပြီး ခဏကြာတော့ မီးကို ငြိမ်းသက်နိုင်ခဲ့ပါတယ်။ မီးသတ်ကား ၆ စီးလောက်ရောက်လာ တယ်။ လူထိခိုက်တာတော့ မရှိဘူး။ ဒါပေမဲ့ အိမ်မရှိတော့တဲ့ အခက်အခဲတော့ ရှိတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းတို့ အတွက် လိုအပ်သည့် အကူအညီများကို စခန်းတွင် တာဝန်ရှိသူများမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် စာရင်းကောက်ခံမှုများပြုလုပ်နေပြီး အရေးပေါ် စားသောက်မှုနှင့် အဝတ်အစား အချို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

နေအိမ်မီးလောင်ခံရသူ တစ်ဦးက “ကျနော်တို့ ပစ္စည်းတွေ ဘာတစ်ခုမှ ထုပ်ပိုးသယ်ယူ ချိန် မရလိုက်ဘူး။ အစားအသောက်လည်းလိုသလို အိုးခွက်တွေလည်း လိုအပ်တာပေါ့။ အဝတ်အစားလည်း တစ်ခုမှ မရှိတော့ဘူး။ ဘောင်းဘီတိုလေးတစ်ထည်နဲ့ အင်္ကျီလေးတစ်ထည်ပဲ ရှိတော့တယ်။ ကျနော့်မှာက မိသားစုဝင် ၄ယောက်ရှိတယ်။ ကျနော့် ဇနီးရယ်၊ ကလေးရယ်၊ အဒေါ်အိုတစ်ယောက်ရယ်ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

နယ်စပ် ဒုက္ခသည်စခန်းများ၌ ယခုလို ရာသီ ဥတုပူပြင်းချိန် ကာလတွင် မကြာခဏ မီးလောင်မှု ဖြစ်ပွားလျက်ရှိ ပြီး လက်ရှိ မီးလောင်မှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို မသိရှိရသေးကြောင်းလည်း စခန်းတွင်း နေထိုင်သူများ က ဆိုသည်။

Photo: AFP
June 27, 2026
ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ်သည့် မြဝတီ-မဲဆောက်အမှတ်(၂)တံတား...
Photo: KNU
June 26, 2026
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဘက်တံဆိပ်နှင့်ယူနီဖောင်းအသုံးပြု၍ စစ်အုပ်စုတပ်ဖွဲ့များ...
June 25, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ...
khaosod News (ပုံဟောင်း)
June 24, 2026
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာ ထိုင်းအစိုးရစာသင်ကျောင်းသို့ မြန်မာဘက်ခြမ်း...